Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တိုက်ပွဲတွင် ခလရ ၂၇၄မှ ဒုတပ်ရင်းမှူးစိုးထက်ပိုင်​သေဆုံး

စစ်ကောင်စီအင်အား ၁၅၀ ခန့်သည် ထင်ချောင်းရွာအတွင်း ရှိနေသေးပြီး မင်းတပ် CDF နှင့် မဟာမိတ်ရဲဘော်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)
(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

မင်းတပ်မြို့ အခြေစိုက်ခလရ ( ၂၇၄ )မှဒုတိယတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုးသည်မင်းတပ်တွင်ယမန်‌‌နေ့(မေလ၃၁ရက်)ကဖြစ်ပွားသောတိုက်ပွဲအတွင်းစနိုက်ပါ ထိမှန် သေဆုံးသွားကြောင်း သတင်းရရှိသည်။

မင်းတပ်မြို့ ထင်ချောင်းရွာတွင် မေလ ၃၁ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး သေဆုံးခဲ့သည်ဟု သတင်းရရှိထားကြောင်းမင်းတပ် CDF မှာတာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့ ရဲဘော်တွေကို တပ်တွင်းထဲကနေ သတင်းပေးတာတွေရှိတယ်။ ။ ကျွန်တော်တို့က အသေးစိတ် မမေးတော့ဘူး။တိကျရင် ပြီးတာပဲ။ သူတို့ရဲ့ အတွင်း သူလျိုကို ဘယ်သူ့ကိုမှ ပေးမသိဘူးလေ” ဟု ၎င်းကရှင်းပြသည်။

(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး  ။ဓါတ်ပုံ-​Facebook Viral)
(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

စစ်ကောင်စီအင်အား ၁၅၀ ခန့်သည် ထင်ချောင်းရွာအတွင်း ရှိနေသေးပြီး မင်းတပ် CDF နှင့် မဟာမိတ်ရဲဘော်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့အကျအရှုံးလည်းတော်တော်များနေတော့ ရွာထဲမှာ ကျန်နေသေးတာ လူနာတွေနဲ့။ သူတို့ကို နောက်ကျောကနေ စနိုက်ဘာအုပ်စုက ဝင်ပစ်တာ” ဟု မင်းတပ် CDF ရဲဘော်တစ်ဦးက ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး၏ နာရေးကို (၂၇၄) တပ်ရင်းအတွင်း၌ ပြုလုပ်နေကြောင်း သိရှိရပြီး အသေးစိတ် မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။