Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်တိုက်ပွဲတွင် ခလရ ၂၇၄မှ ဒုတပ်ရင်းမှူးစိုးထက်ပိုင်​သေဆုံး

စစ်ကောင်စီအင်အား ၁၅၀ ခန့်သည် ထင်ချောင်းရွာအတွင်း ရှိနေသေးပြီး မင်းတပ် CDF နှင့် မဟာမိတ်ရဲဘော်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)
(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

မင်းတပ်မြို့ အခြေစိုက်ခလရ ( ၂၇၄ )မှဒုတိယတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုးသည်မင်းတပ်တွင်ယမန်‌‌နေ့(မေလ၃၁ရက်)ကဖြစ်ပွားသောတိုက်ပွဲအတွင်းစနိုက်ပါ ထိမှန် သေဆုံးသွားကြောင်း သတင်းရရှိသည်။

မင်းတပ်မြို့ ထင်ချောင်းရွာတွင် မေလ ၃၁ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး သေဆုံးခဲ့သည်ဟု သတင်းရရှိထားကြောင်းမင်းတပ် CDF မှာတာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့ ရဲဘော်တွေကို တပ်တွင်းထဲကနေ သတင်းပေးတာတွေရှိတယ်။ ။ ကျွန်တော်တို့က အသေးစိတ် မမေးတော့ဘူး။တိကျရင် ပြီးတာပဲ။ သူတို့ရဲ့ အတွင်း သူလျိုကို ဘယ်သူ့ကိုမှ ပေးမသိဘူးလေ” ဟု ၎င်းကရှင်းပြသည်။

(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး  ။ဓါတ်ပုံ-​Facebook Viral)
(​သေဆုံးသွား​သော ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးထက်ပိုင်တိုး ။ဓါတ်ပုံ-​Facebook Viral)

စစ်ကောင်စီအင်အား ၁၅၀ ခန့်သည် ထင်ချောင်းရွာအတွင်း ရှိနေသေးပြီး မင်းတပ် CDF နှင့် မဟာမိတ်ရဲဘော်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့အကျအရှုံးလည်းတော်တော်များနေတော့ ရွာထဲမှာ ကျန်နေသေးတာ လူနာတွေနဲ့။ သူတို့ကို နောက်ကျောကနေ စနိုက်ဘာအုပ်စုက ဝင်ပစ်တာ” ဟု မင်းတပ် CDF ရဲဘော်တစ်ဦးက ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး၏ နာရေးကို (၂၇၄) တပ်ရင်းအတွင်း၌ ပြုလုပ်နေကြောင်း သိရှိရပြီး အသေးစိတ် မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။