Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် အမြောက်ဆန်တွေ ထုတ်လုပ်ဖို့ ဂျပန်ဆီက ယမ်းဝယ်ယူဖို့ ညှိနှိုင်းနေတဲ့ အမေရိကန်

ဂျပန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဖက်က ခိုင်ခိုင်မာမာ အားပေးရပ်တည်ကြောင်း ကြေညာထားပြီး စစ်လက်နက် မဟုတ်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ တခြား အကူအညီတွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။

ယူကရိန်းအတွက် အမြောက်ဆန်တွေ ထုတ်လုပ်ဖို့ ဂျပန်ဆီက ယမ်းဝယ်ယူဖို့ ညှိနှိုင်းနေတဲ့ အမေရိကန်

ယူကရိန်းကို ထောက်ပံ့မယ့် လက်နက်ကြီး ကျည်ဆန်တွေအတွက် အရည်အသွေးမြင့် ယမ်းတွေကို ဂျပန်ဆီကနေ ဝယ်ယူနိုင်ဖို့ အမေရိကန်က ညှိနှိုင်းနေကြောင်း သိရပါတယ်။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ ကတည်းက စစ်မဲ့ဝါဒကို အလေးအနက် လက်ခံ ကျင့်သုံးလာတဲ့ ဂျပန်ဟာ ပြည်ပနိုင်ငံတွေဆီ လူကို သေစေနိုင်တဲ့ စစ်လက်နက်တွေ တင်ပို့မှုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တားမြစ်ထားပါတယ်။

ဒါပေမဲ့ အမေရိကန်က ကုန်ကြမ်းအဆင့်သာဖြစ်တဲ့ TNT ယမ်းတွေကို ဂျပန်ကနေ အများအပြား မှာယူနိုင်ဖို့ကို ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ အဲဒီ ယမ်းတွေဟာ လက်နက်အဆင့်ကို မရောက်သေးတဲ့အတွက် ဂျပန် အစိုးရက လက်လွှဲ ရောင်းချပေးဖို့ အလားအလာ ရှိတဲ့တိုင် အငြင်းပွားစရာ အခြေအနေတွေတော့ ကြုံလာနိုင်ပါသေးတယ်။

ယူကရိန်းဟာ ကျူးကျော်သူ ရုရှားတပ်တွေကို ချက်ကောင်းစောင့်ပြီး တန်ပြန်ထိုးစစ် ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းအတွက် ၁၅၅ မီလီမီတာ အမြောက်ဆန်တွေ ထောက်ပံ့ပေးဖို့ အဆောတလျင် အားထုတ် ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အနေနဲ့ ဂျပန်ဆီက ဖောက်ခွဲရေး TNT ယမ်းတွေ ဝယ်ယူနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ထွက်ပေါ်လာမယ်လို့ ယုံကြည်နေကြောင်း နောက်ကွယ်က ညှိနှိုင်းမှုတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အခု သီတင်းပတ်မှာ ဂျပန် အာဏာပိုင်တွေက အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်နဲ့ တွေ့ဆုံချိန်မှာ စစ်လက်နက် အဆင့် မဟုတ်တဲ့ စက်မှုလုပ်ငန်းသုံး TNT ယမ်းတွေ ရောင်းချပေးဖို့ လိုလားကြောင်း အသိပေးခဲ့တယ်လို့ တခြားသတင်းရင်းမြစ် တစ်ခုက ဆိုပါတယ်။

ဂျပန်ရဲ့ ကုန်သွယ်ရေး၊ စက်မှုနဲ့ စီးပွားရေး ဝန်ကြီးဌာနကတော့ အမေရိကန်ဆီ TNTယမ်းတွေ တင်ပို့နိုင်ခြေ အလားအလာအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဂျပန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဖက်က ခိုင်ခိုင်မာမာ အားပေးရပ်တည်ကြောင်း ကြေညာထားပြီး စစ်လက်နက် မဟုတ်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ တခြား အကူအညီတွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား ထိန်းချုပ်ထားရာ ယူကရိန်း မြို့ငယ်လေး တစ်ခုမှာ အပစ်အခတ် ရပ်စဲစေပြီး ဒေသခံတွေ ဘေးကင်းကင်း ရွှေ့ပြောင်းဖို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က အောင်အောင်မြင်မြင် ကြားဝင် စေ့စပ်ပေးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အမေရိကန် သံအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ နာဂိုယာ မြို့တော်မှာ ကျင်းပနေတဲ့ အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲမှာ တစ်ပတ်အတွင်း နိုင်ငံတော်သီချင်း မှားဖွင့်မှုတွေ သုံးကြိမ်ထိ ဖြစ်ပွားခဲ့လို့ မြို့တော်ဝန် ကိုယ်တိုင် တောင်းပန်ခဲ့ရပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။