Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ နောက်ဆုံးလက်ကျန် စစ်သင်္ဘောကို ဖျက်ဆီးလိုက်ပြီလို့ ရုရှား ကြေညာ

ရုရှားက Yuri Olefirenkoဟာ ယူကရိန်း ရေတပ်မှာ ပိုင်ဆိုင်ထားတဲ့ နောက်ဆုံးလက်ကျန် စစ်သင်္ဘော ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကျန်တဲ့ ရေတပ် သင်္ဘောတွေဟာ ရုရှားလက်ချက်ကြောင့် ပျက်စီးခဲ့ပြီးပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ယူကရိန်း ရေတပ်ရဲ့ နောက်ဆုံးလက်ကျန် စစ်သင်္ဘောကို ဖျက်ဆီးပစ်လိုက်ပြီလို့ ရုရှားက ထုတ်ပြန်ပါတယ်။

ကမ်းတက် တိုက်ခိုက်ရေး ရေယာဉ် အမျိုးအစားဖြစ်တဲ့ Yuri Olefirenkoဟာ ပင်လယ်နက်ထဲက အိုဒက်ဆာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့အချိန် ရုရှားရဲ့ ထိရောက်တိကျတဲ့ စစ်လက်နက် တစ်ခုရဲ့ တိုက်ခိုက် ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

မေလ ၂၉ ရက်က အဲဒီ စစ်သင်္ဘောကို ဖျက်ဆီးပစ်နိုင်ခဲ့တာလို့လည်း ရုရှားက ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်း ရေတပ်ကတော့ ရုရှားရဲ့ အဆိုနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ရုရှားက Yuri Olefirenkoဟာ ယူကရိန်း ရေတပ်မှာ ပိုင်ဆိုင်ထားတဲ့ နောက်ဆုံးလက်ကျန် စစ်သင်္ဘော ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကျန်တဲ့ ရေတပ် သင်္ဘောတွေဟာ ရုရှားလက်ချက်ကြောင့် ပျက်စီးခဲ့ပြီးပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Public Service Announcement

Public Service Announcement

Yuri Olefirenkoဟာ အလယ်အလတ် အရွယ်အစား ကမ်းတပ် တိုက်ခိုက်ရေး ရေယာဉ်ဖြစ်ပြီး စစ်သည်တွေနဲ့ ယာဉ်တွေကို တင်ဆောင်နိုင်ပါတယ်။ အဲဒီ ရေယာဉ်ဟာ မူလက Kirovohradဆိုတဲ့ နာမည်နဲ့ အသုံးပြုနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းက မာရူပိုလ်မြို့နားမှာ ကျဆုံးခဲ့တဲ့ ယူကရိန်း မရိန်းတပ်ဖွဲ့ဝင် တစ်ဦးကို ဂုဏ်ပြုပြီး နောက်တစ်နှစ်မှာ နာမည်ပြောင်းခဲ့တာပါ။

မေလ ၂၉ ရက်က ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အိုဒက်ဆာမှာ အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးမှု ရှိခဲ့တယ် ဆိုတာကို ယူကရိန်း စစ်တပ်က အတည်ပြုခဲ့ပေမယ့် စစ်သင်္ဘောနဲ့ ပတ်သက်လို့တော့ ထည့်သွင်း ကြေညာတာမျိုး မရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

Facebook