Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် အမြောက်ဆန်တွေ ထုတ်လုပ်ဖို့ ဂျပန်ဆီက ယမ်းဝယ်ယူဖို့ ညှိနှိုင်းနေတဲ့ အမေရိကန်

ဂျပန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဖက်က ခိုင်ခိုင်မာမာ အားပေးရပ်တည်ကြောင်း ကြေညာထားပြီး စစ်လက်နက် မဟုတ်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ တခြား အကူအညီတွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။

ယူကရိန်းအတွက် အမြောက်ဆန်တွေ ထုတ်လုပ်ဖို့ ဂျပန်ဆီက ယမ်းဝယ်ယူဖို့ ညှိနှိုင်းနေတဲ့ အမေရိကန်

ယူကရိန်းကို ထောက်ပံ့မယ့် လက်နက်ကြီး ကျည်ဆန်တွေအတွက် အရည်အသွေးမြင့် ယမ်းတွေကို ဂျပန်ဆီကနေ ဝယ်ယူနိုင်ဖို့ အမေရိကန်က ညှိနှိုင်းနေကြောင်း သိရပါတယ်။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ ကတည်းက စစ်မဲ့ဝါဒကို အလေးအနက် လက်ခံ ကျင့်သုံးလာတဲ့ ဂျပန်ဟာ ပြည်ပနိုင်ငံတွေဆီ လူကို သေစေနိုင်တဲ့ စစ်လက်နက်တွေ တင်ပို့မှုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တားမြစ်ထားပါတယ်။

ဒါပေမဲ့ အမေရိကန်က ကုန်ကြမ်းအဆင့်သာဖြစ်တဲ့ TNT ယမ်းတွေကို ဂျပန်ကနေ အများအပြား မှာယူနိုင်ဖို့ကို ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ အဲဒီ ယမ်းတွေဟာ လက်နက်အဆင့်ကို မရောက်သေးတဲ့အတွက် ဂျပန် အစိုးရက လက်လွှဲ ရောင်းချပေးဖို့ အလားအလာ ရှိတဲ့တိုင် အငြင်းပွားစရာ အခြေအနေတွေတော့ ကြုံလာနိုင်ပါသေးတယ်။

ယူကရိန်းဟာ ကျူးကျော်သူ ရုရှားတပ်တွေကို ချက်ကောင်းစောင့်ပြီး တန်ပြန်ထိုးစစ် ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းအတွက် ၁၅၅ မီလီမီတာ အမြောက်ဆန်တွေ ထောက်ပံ့ပေးဖို့ အဆောတလျင် အားထုတ် ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အနေနဲ့ ဂျပန်ဆီက ဖောက်ခွဲရေး TNT ယမ်းတွေ ဝယ်ယူနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ထွက်ပေါ်လာမယ်လို့ ယုံကြည်နေကြောင်း နောက်ကွယ်က ညှိနှိုင်းမှုတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အခု သီတင်းပတ်မှာ ဂျပန် အာဏာပိုင်တွေက အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်နဲ့ တွေ့ဆုံချိန်မှာ စစ်လက်နက် အဆင့် မဟုတ်တဲ့ စက်မှုလုပ်ငန်းသုံး TNT ယမ်းတွေ ရောင်းချပေးဖို့ လိုလားကြောင်း အသိပေးခဲ့တယ်လို့ တခြားသတင်းရင်းမြစ် တစ်ခုက ဆိုပါတယ်။

ဂျပန်ရဲ့ ကုန်သွယ်ရေး၊ စက်မှုနဲ့ စီးပွားရေး ဝန်ကြီးဌာနကတော့ အမေရိကန်ဆီ TNTယမ်းတွေ တင်ပို့နိုင်ခြေ အလားအလာအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဂျပန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဖက်က ခိုင်ခိုင်မာမာ အားပေးရပ်တည်ကြောင်း ကြေညာထားပြီး စစ်လက်နက် မဟုတ်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ တခြား အကူအညီတွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Facebook