Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်အား တစ်ရက်တည်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု ပကဖပြော

စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို မေလ ၂၆ ရက်မှ ၂၉ ရက်အထိ စစ်ကြောင်းထိုးခဲ့သည်။ ရေလယ်ကျွန်းရှိ ကျေးရွာပေါင်း ၂၅ ရွာမှ နေအိမ်ပေါင်း ၆၅၆လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဒေသခံ ပြည်သူ ငါးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

(မိုင်းခွဲပြီးနောက် လမ်းပိုင်းပျက်စီးသွားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို(ပကဖ))
(မိုင်းခွဲပြီးနောက် လမ်းပိုင်းပျက်စီးသွားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို(ပကဖ))

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဇွန်လ ၁ရက်က စစ်ကောင်စီတပ်အား သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားခြောက်ဦးခန့် သေဆုံးနိုင် ကြောင်း ရေစကြို(ပကဖ)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ရက် နံနက် ၈ နာရီ ၄၅မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ခလရ (၂၅၈)မှ ထွက်လာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သည် တောင်အိုတာတိုင်ဂိတ်သို့ အင်အားဖြည့်ရန်အသွားတွင် ကံသစ်နှင့် ကြီးကံကျေးရွာကြား၌ PDFအဖွဲ့ ထောင်ထားသည့်မိုင်းလုံးများအား တူးဖော်ခဲ့သည်။

ထိုသို့တူးဖော်နေစဥ် ကာကွယ်ရေးရဲဘော်များက မိုင်း၁၈လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် မိုင်းဖော်နေသော စစ်သားများအနက် ခြောက်ဦးခန့်သေဆုံးပြီး ရှစ်ဦးထက်မနည်းဒဏ်ရာရရှိသွားသည်ဟု ပကဖက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နံနက် ၁၁နာရီခန့်တွင်လည်း အောင်မိုးလမ်းဆုံ၌ ကင်းပုန်းဝပ်ပြီးအပြန် အင်အား၃၀ခန့်တင်ဆောင်လာသော ဖောကားတစ်စီးအား လမ်းဆုံအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ပြီး လက်လုပ် (၄၀)မမဖြင့်လည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)က ပြောသည်။

ထိုဖြစ်စဥ်တွင် ထိခိုက်သည့်စစ်သား သုံးဦးအားသုံးဘီးပေါ်သို့ ဆွဲတင်သွားသည်ဟု ဆိုသည်။

မွန်းလွဲ ၂ နာရီခန့်တွင်လည်း မြို့ပေါ်သို့အင်အားဖြည့်တင်းရန်သွားသော စစ်သားများအား မြို့အဝင် ဘက်စုံခြံအနီးအရောက်တွင်လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုများရှိကြောင်း ရေစကြို(ပကဖ)က ပြောသည်။

“ပထမဆုံးအကြိမ်က အထိအခိုက်အများဆုံးပဲ။ မျက်မြင်လည်းရှိတယ်။ မိုင်းဆွဲနေကျနေရာရောက်တော့ မိုင်းဆင်းရှာတယ်။ တချို့တဝက်ကိုဖြုတ်တယ်။ ကျန်တာက ၁၈လုံး ကျန်နေတဲ့အချိန် ဖြုတ်နေတဲ့အချိန်ကို မိုင်းဆွဲလိုက်တာထိသွားတာ။ ၆ ယောက်လုံးထိတာကျတာ မြင်ရတယ်။ ကားပေါ်ကိုဆွဲတင်သွားတယ်။”ဟု ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အဲဒီနေ့က တနေကုန်ဖြစ်နေတာ။ အောင်မိုးလမ်းဆုံနားရော။ ရေစကြိုကိုသွားလို့မရဘူး။”ဟု ရေစကြိုနယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို မေလ ၂၆ ရက်မှ ၂၉ ရက်အထိ စစ်ကြောင်းထိုးခဲ့သည်။ ရေလယ်ကျွန်းရှိ ကျေးရွာပေါင်း ၂၅ ရွာမှ နေအိမ်ပေါင်း ၆၅၆လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဒေသခံ ပြည်သူ ငါးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။