Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်ရှိ စစ်တပ်နှင့် ပျူစခန်းကိုPDFများတိုက်ခိုက်

စစ်ကောင်စီတပ်နှင့် ပျူ များက ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း MDF-Taze Tiger က​ပြော​သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(MDF-Taze Tiger မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-MDF)
(MDF-Taze Tiger မှတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-MDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲဘင်ရင်းရွာအနောက်ဘက်ရှိ စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ယမန်နေ့( ဇွန်လ ၄ရက်)နံနက်က တိုက်ခိုက်ခဲ့​ကြောင်း MDF-Taze Tiger မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တိုက်ပွဲက ၄၅မိနစ်လောက်ကြာတယ်။မနက်မိုးမလင်းခင်တိုက်တာ။ စစ်တပ်ဘက်ကပွဲချင်းပြီးလေးယောက်အလောင်းကို ကတုပ်ကျင်းထဲမှာတွေ့တယ်။ ခြုံထဲမှာလည်း သေနေတာတွေရှိတယ်။ သေတာ ခုနှစ်ယောက်ထက်မနည်းဘူး”ဟု MDF-Taze Tiger မှ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူ များက ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း MDF-Taze Tiger က​ပြော​သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ကဘဲဘင်ရင်းရွာစစ်ကောင်စီကင်းစခန်းတွင် စစ်သားနှင့် ပျုစောထီးစုစု​ပေါင်း ၄၀ဦးထက်မနည်းရှိသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုစခန်းကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းဖြစ်သောMDF-TazeTiger ၊MDF -Special Force(ဗဟိုတပ်ရင်း)နှင့် မဟာမိတ်ညီနောင်များက ဇွန်လ ၄ရက်နံနက် ၄နာရီခန့်မှစတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

” ကျွန်တော်တို့ဘက်က တစ်ယောက် သူ့ဘာသာသူ မတော်တဆဒဏ်ရာရတယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။