Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်ကောင်စီက ပြည်သူကို ရက်စက်စွာပစ်မှတ်ထား တုံ့ပြန်ခဲ့ဟု SOF တပ်မှူးပြော

ရဲစခန်းပစ်ခတ်မှုတွင် ရဲဘက်က အနည်းဆုံး ၅ဦးသေဆုံးခဲ့ပြီး ရုံးများတွင်လည်း စစ်ကောင်စီတပ်သား ၁၅ဦးခန့်ကို စနိုက်ပါ၊ (၄၀)မမတို့ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၅ဦး သေဆုံးနိုင်ကြောင်း SOF ခေါင်းဆောင်က ပြောသည်။

(ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG.MOD)
(ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG.MOD)

“အောင်မြင်မှုနဲ့ပတ်သက်လို့ သူတို့ ၁၀ဦး သေတယ်ဆိုတဲ့ဟာက အနည်းဆုံးတွက်ချက်တာပေါ့”

မောင်မောင်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး လေကြောင်းပစ်အားအလွန်အကျွံသုံးပြီး ပြည်သူလူထုနေထိုင်ရာ ရပ်ကွပ်များ၊ ဘာသာရေး အဆောက်အဦးများကို ရက်စက်စွာ တုံ့ပြန်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ခံတပ်မှူး ကိုအောင်စံရှားက ပြောသည်။

Public Service Announcement
Public Service Announcement

ဇွန်လ ၂ရက် နံနက်ပိုင်းက PDF အထူးစစ်ဆင်ရေးအဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် Cloud Wings Drone တပ်ဖွဲ့တို့ပူးပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ (၂၈၄)နှင့် ရန်သူ့စစ်သားများတပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးတွင် ရဲစခန်းနေရာကို အဓိက ပစ်မှတ် ထား တိုက်ခိုက်ခဲံပြီး ဌာနဆိုင်ရာရုံးများနှင့် စစ်ကောင်စီ၏ ခလရ(၂၈၄)တပ်ရင်းတို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် ပူးပေါင်းတပ်ဖွဲ့အနေဖြင့် လက်နက်ပစ်ခတ်မှုကို အကန့်အသတ်ဖြင့် သာဆောင်ရွက်ခဲ့ကြောင်း ကိုအောင်စံရှားက ရှင်းပြသည်။ ပြည်သူထိခိုက်မှုမရှိစေရန် RPGနှင့် (၄၀)မမတို့ကိုသာ အကန့်အသတ်ဖြင့်သုံးကာ ချေမှုန်းရေး ရိုင်ဖယ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

(အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးတာဝန်ခံ၊တပ်မှူး ကိုအောင်စံရှားအား တွေ့ရစဉ်)
(အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးတာဝန်ခံ၊တပ်မှူး ကိုအောင်စံရှားအား တွေ့ရစဉ်)

သို့ရာတွင် စစ်ကောင်စီတပ်သည် ဗလီ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ကျောင်းများကို လေကြောင်းမှ အဓိကပစ်မှတ်ထား တုံ့ပြန် တိုက်ခိုက်ဗုံးကြဲခဲ့သည့်အပြင် မြို့အဝင်အထွက်ရှိ ရပ်ကွက်များကို လည်း တိုက်ခိုက်ခဲ့၍ သံဃာတစ်ပါးနှင့် ပြည်သူ နှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“စကစက ပြန်ပြီးတုန့်ပြန်တဲ့ဟာကျတော့ တော်တော်ရက်စက်လွန်းတယ်။ ဆိုလိုချင်တာက မလိုအပ်တဲ့နေရာတွေ ဥပမာ ကျနော်တို့ ရှိတဲ့နေရာကို ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်လာပစ်လာတိုက်ပေါ့။ အပြန်အလှန်ဆိုင်ပြီး ပစ်လို့ရတယ်။ ဒါပြဿနာမရှိဘူး။ ခုနပြောသလို မဆိုင်တဲ့ ဘာသာရေးအဆောက်အဦးတွေ ရပ်ကွက်တွေ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကျတော့အရမ်းကို ဆိုးဝါးတယ်”ဟု SOF အဖွဲ့ခေါင်းဆောင် ကိုအောင်စံရှားက ပြောသည်။

စစ်ဆင်ရေးအတွင်း ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက် မှုပုံစံနှင့် စစ်ကောင်စီတပ် ထိခိုက်မှုအခြေအနေကိုလည်း ပြောပြသည်။

“ဒီစစ်ဆင်ရေးမှာ ရဲစခန်းကိုလည်း ခြံစည်းရိုးအနားထိ ဝင်ပစ်ခတ်တယ်။ ကျနော်တို့မှာ အချိန်ကန့်သတ်ချက် အကြောင်းတစ်ခုကြောင့်သာ ဒီစစ်ဆင်ရေးကို အစအဆုံးမပြီးနိုင်ခဲ့ပေမယ့် အောင်မြင်မှုနဲ့ပတ်သက်လို့ သူတို့ ၁၀ဦး သေတယ်ဆိုတဲ့ဟာက အနည်းဆုံးတွက်ချက်တာပေါ့”ဟု ကိုအောင်စံရှားက ပြောသည်။

ရဲစခန်းပစ်ခတ်မှုတွင် ရဲဘက်က အနည်းဆုံး ၅ဦးသေဆုံးခဲ့ပြီး ရုံးများတွင်လည်း စစ်ကောင်စီတပ်သား ၁၅ဦးခန့်ကို စနိုက်ပါ၊ (၄၀)မမတို့ဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၅ဦး သေဆုံးနိုင်ကြောင်း SOF ခေါင်းဆောင်က ပြောသည်။

Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ကိုငြိမ်းကလည်း ၎င်းတို့ ဒရုန်းတပ်ဖွဲ့၏ ပထမဆုံး စစ်ဆင်ရေး ဖြစ်ကြောင်းပြောပြပြီး မေလ ၂၇ရက်မှ စတင် ကာ ကြားအင်းဆိပ်ကြီးမြို့ပေါ် ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို နေ့စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ရဲစခန်းဝင်းအတွင်းမှာရှိတဲ့ ရဲစခန်း ပင်မဆောင်၊ ဗဟိုကင်းတို့လိုမျိုး ရဲဝန်ထမ်းလိုင်းခန်း အိမ်ယာတို့လိုမျိုး ပြီးရင် မြို့နယ်မှူးအိမ်လိုမျိုး ၊ ပြီးရင် တရားသူကြီးရုံး၊ တရားသူကြီးအိမ် စသည်ဖြင့် ရဲစခန်း ဝင်းအတွင်းရှိတဲ့ စစ်ကောင်စီ အခြေပြုနေရာတွေကို ဒရုန်းနဲ့ အသုံးပြုပြီးတော့ ချေမှုန်းနိုင်ခဲ့တယ်။ စစ်ဆင်ရေးဆောင်ရွက်တဲ့နေ့မှာဆိုရင်လည်း မနက် အစောကြီး ၁၂ခွဲလောက်က စပြီး ဒရုန်းမစ်ရှင်စတယ်။ ခလရ (၂၈၄)ထဲကို လုပ်တယ်။ မနက် ချေမှုန်းရေးလုပ်ခါနီးအချိန်ထိပေါ့။ အောင်မြင်မှု အပိုင်းဆိုရင် ဒရုန်းနဲ့ သူတို့ အခြေစိုက်တဲ့ အဆောက်အဦးတွေ နေရာတွေကို ကျနော်တို့ ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်။ အကြိမ်ပေါင်းများစွာ ပျံသန်းတယ်။ (၈၁၊ ၆၀) မမ စသဖြင့် လက်နက်ကြီး ကျည်တွေ အသုံးပြုပြီး ကြဲခဲ့နိုင်တယ်”ဟု ကိုငြိမ်းက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း PDF အထူးစစ်ဆင်ရေးအဖွဲ့(S.O.F) ရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။