Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးမြို့က ရဲစခန်းနဲ့ စစ်တပ်တပ်စွဲထားရာနေရာတွေတပြိုင်တည်း တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဒေသခံအချို့ က ပြောထားပါတယ်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးခန့်အကျဆုံး ရှိတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ အထူးစစ်ဆင်ရေးအဖွဲ့က ဒီနေ့မှာအသိပေးကြေညာပါတယ်။

မနေ့ မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်း ၊ရဲစခန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဌာနဆိုင်ရာရုံးတွေကို KNU နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့တာပါ။

အဲဒီစစ်ရေးပစ်မှတ်နေရာတွေကို တပြိုင်တည်းဝင်တိုက်တာလို့ သိရပါတယ်။

ဝင်တိုက်မယ့်နေရာတွေကို လက်ဦးမူယူတဲ့အနေနဲ့ မနက် ၄ နာရီမှာ ဒရုန်းနဲ့ ဗုံးချပြီး စတင်တိုက်ခိုက်ခဲ့ပြီး တစ်နာရီအကြာ မနက် ၅ နာရီမှာတော့ မြေပြင်ကနေ ဝင်တိုက်တာလို့ အထူးစစ်ဆင်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလင်းရောင်ရတဲ့အချိန်မှာ စပြီး ပစ်မှတ်ကိုသဲသဲကွဲကွဲမြင်ရတဲ့အချိန်မှာ တပြိုင်နက်ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာပေါ့နော်” လို့ အထူးစစ်ဆင်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း မျက်မြင်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရသလို ပူးပေါင်းတပ်တွေဘက်ကလည်း ၃ ဦး ဒဏ်ရာရတယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲမှာအကျအဆုံးနဲ့ပတ်သက်ပြီးထုတ်ပြန်လေ့မရှိဘဲ လျှို့ဝှက်ထားတာပါ။

မနေ့က တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်း နဲ့ တရားရုံးဟာ ပျက်စီးသွားသလို ဆက်သွယ်ရေးရုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီးတော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့ ပစ်ခတ်မှု ကြောင့်လို့ ဆိုထားသလို. စစ်ကောင်စီဘက်ကလည်း KNU နဲ့ PDF လက်ချက်လို့ အပြန်အလှန်စွပ်စွဲထားတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဒေသခံအချို့ က ပြောထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို KNU နဲ့ PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်းကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။