Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူခြောက်ဦး သေဆုံး

လက်နက်ကြီး ပစ်ခတ်မှုအကြိမ်(၁၀၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူခြောက်ဦး သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

(မိုးဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ နေအိမ်ပျက်စီးသွားသည်ကို ငေးကြည့်နေသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF - 3)
(မိုးဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ နေအိမ်ပျက်စီးသွားသည်ကို ငေးကြည့်နေသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF - 3)

မိုးဗြဲမြို့ပေါ် တိုက်ပွဲအတွင်း စစ်ကောင်စီအမြောက် တပ်က ရပ်ကွက်များကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူခြောက် ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၃)က ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုအကြိမ်(၁၀၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူခြောက်ဦး သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

(၃)နှစ်ခွဲအရွယ်နှင့် (၁၂)နှစ်အရွယ်ကလေးငယ် နှစ်ဦး ပါဝင်ဟု ဆိုသည်။

လက်နက်ကြီးကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်း (၁၅) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကရင်နီပြည်အနှံ့ထိုးစစ်ဆင်မှုပြုလုပ် ရာတွင် လိုအပ်သော တပ်သားများ၊ လက်နက်ရိက္ခာများဖြည့်တင်းနိုင်ရန်အတွက် မိုးဗြဲလမ်းကြောင်းကို စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း KNDF တပ်ရင်း(၃)က ပြောသည်။

“မြို့အဝင်အထွက် လမ်းတွေကို စကစဖက်ကပိတ်ထားတယ်။နောက်ပြီး ခမရ (၄၂၂)တပ်ထိပ်ကနေလည်း လမ်းပိတ်ထားပြီး ညောင်ဝိုင်းရပ်ကွက် ဖက်မှာ နေရာယူထားတုန်းပဲ။တိုက်ပွဲကတော့ အချိန်မရွေး ပြင်းထန်လာဖို့ရှိတယ်”ဟု မိုးဗြဲမြို့ခံစစ်ရေးသတင်းရေးရင်းမြစ်က ပြောသည်။

ယမန်နေ့က တနေကုန်နီးပါးကြာမြင့်ခဲ့သော မိုးဗြဲ တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ လက်နက်တစ်လက်ကို ကရင်နီတပ် ပေါင်းစုက သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မေလ၂၃ရက်ကစ၍ ဇွန်လ ၄ရက်အထိ မိုးဗြဲကျေးရွာအုပ်စုနှင့် ရီလုံရီကန်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအပေါ်တွင် နှစ်ကြိမ်၊ ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာများတွင် နှစ်ကြိမ်နှင့် (ကယန်းပြည်သစ်)စစ်ဆေးရေးဂိတ်တွင် တစ်ကြိမ် စုစုပေါင်းငါးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ထို့ကြောင့် မိုးဗြဲမြို့တွင်းနေထိုင်သော ပြည်သူများအနေဖြင့် လုံခြုံစွာ သွားလာနေထိုင်ကြရန် KNDFက တိုက်တွန်းသည်။

ထို့အတူ တိုက်ပွဲအတွင်းလိုအပ်သော လက်နက်ခဲယမ်းများကို ပါဝင်ကူညီလိုပါက သက်ဆိုင်ရာထောက်ပို့ဆီမှသော်လည်းကောင်း ၎င်း၏ Page chatbox မှသော်လည်းကောင်း ဆက်သွယ်ပါဝင် နိုင်ကြောင်း KNDF တပ်ရင်း(၃)က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။