Connect with us

Hi, what are you looking for?

သတင်း

ခရီးသွားယာဉ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ခြင်းမပြုရန် CNFထုတ်ပြန်

စစ်တပ်သည် ချင်းပြည်အတွင်းသို့ အများပြည်သူ ခရီးသွား ယာဉ်များ အသုံးပြုကာ အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာအင်အားဖြည့်တင်းလျက်ရှိနေ၍ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

(ဟားခါး၊ထန်တလန်နှင့် အနီးဝန်းကျင်ရှိမြို့နယ်များပြ​Google Map ​မြေပုံနှင့် ချင်းပူး​ပေါင်းတပ်ဖွဲ့ဝင်များ​ရှေ့တန်းမထွက်ခင်ဆု​တောင်း​နေပုံ/စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်​နေပုံ/စစ်တပ်ထံမှ လက်နက်ခဲယမ်းများချင်းပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိမှု။ဓါတ်ပုံ-The Chin Journal)

▪︎ချင်းပြည်သို့ ဒေသခံများအမှအပပြင်ပခရီးသွားများဝင်ရောက်ခြင်းကိုတားမြစ်ကြောင်းအသိပေး

အများပြည်သူ ခရီးသွားယာဉ်များမှစစ်ကောင်စီတပ်၏အဖွဲ့ဝင် သို့မဟုတ် လက်နက်ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ထုတ်ပြန်ကြေညာသည်။

ထို့အပြင် ချင်းပြည်သို့ ဒေသခံ ချင်းပြည်သူများမှအပ ပြင်ပမှ ခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ဖော်ပြထားသည်။

စစ်တပ်သည် ချင်းပြည်အတွင်းသို့ အများပြည်သူ ခရီးသွား ယာဉ်များ အသုံးပြုကာ အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာအင်အားဖြည့်တင်းလျက်ရှိနေ၍ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

အကယ်၍ ချင်းပြည်သို့ လာရောက်ရန် အရေးကြီး ကိစ္စရှိပါက သက်ဆိုင်ရာ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ၏ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အသိပေးထုတ်ပြန်ချက်ပါ အချက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြခဲ့ပြီး အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်း ဤထုတ်ပြန်ချက်သည် အတည်ဖြစ်သည်ဟု ယနေ့ဇွန်လ ၈ရက် နေ့စွဲဖြင့် ကြေညာခဲ့သည်။

(ဟားခါး၊ထန်တလန်နှင့် အနီးဝန်းကျင်ရှိမြို့နယ်များပြ​Google Map ​မြေပုံနှင့် ချင်းပူး​ပေါင်းတပ်ဖွဲ့ဝင်များ​ရှေ့တန်းမထွက်ခင်ဆု​တောင်း​နေပုံ/စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်​နေပုံ/စစ်တပ်ထံမှ လက်နက်ခဲယမ်းများချင်းပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိမှု။ဓါတ်ပုံ-The Chin Journal)
(ဟားခါး၊ထန်တလန်နှင့် အနီးဝန်းကျင်ရှိမြို့နယ်များပြ​Google Map ​မြေပုံနှင့် ချင်းပူး​ပေါင်းတပ်ဖွဲ့ဝင်များ​ရှေ့တန်းမထွက်ခင်ဆု​တောင်း​နေပုံ/စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်​နေပုံ/စစ်တပ်ထံမှ လက်နက်ခဲယမ်းများချင်းပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိမှု။ဓါတ်ပုံ-The Chin Journal)

ယခုထုတ်ပြန်ချက်နှင့် ချင်းပြည်အတွင်း လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရန် CNF လက်အောက်ခံ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် CDF တာဝန်ရှိသူ အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းက ချင်းတပ်ဖွဲ့များ၏ အသိပေးချက်အရ စစ်ကောင်စီတပ်သည် ဟားခါးနှင့် ထန်တလန်ကြားသို့ လက်နက်ကြီး၊ လေကြောင်း ပစ်ကူရယူပြီး ထိုးစစ်ဆင်လာ၍ မေလ ကုန်မှ ယ​နေ့အထိ တိုက်ပွဲများ ပြင်းထန်​နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။စစ်ကောင်စီတပ်ကဟားခါးနှင့်ထန်တလန်ကြားရှိ သီးမြစ်ဒေသသို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ ချင်းပူး​ပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်​နေခြင်းဖြစ်သည်။

(ဟားခါး၊ထန်တလန်နှင့် အနီးဝန်းကျင်ရှိမြို့နယ်များပြ​Google Map ​မြေပုံနှင့် ချင်းပူး​ပေါင်းတပ်ဖွဲ့ဝင်များ​ရှေ့တန်းမထွက်ခင်ဆု​တောင်း​နေပုံ/စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်​နေပုံ/စစ်တပ်ထံမှ လက်နက်ခဲယမ်းများချင်းပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိမှု။ဓါတ်ပုံ-The Chin Journal)
(ဟားခါး၊ထန်တလန်နှင့် အနီးဝန်းကျင်ရှိမြို့နယ်များပြ​Google Map ​မြေပုံနှင့် ချင်းပူး​ပေါင်းတပ်ဖွဲ့ဝင်များ​ရှေ့တန်းမထွက်ခင်ဆု​တောင်း​နေပုံ/စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်​နေပုံ/စစ်တပ်ထံမှ လက်နက်ခဲယမ်းများချင်းပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိမှု။ဓါတ်ပုံ-The Chin Journal)

“စစ်ကြောင်းက နှစ်ကြောင်းနဲ့ သူတို့က ထထိုးလာတာ။ သီမြစ်ချောင်း အပေါ်ဘက်က စစ်ကြောင်းတစ်ကြောင်းက ဒီနေ့ တိုက်ပွဲမရှိဘူး။ သီးမြစ်ချောင်းရဲ့ အောက်ဘက် အဲဒီမှာပဲ တိုက်ပွဲရှိနေတယ်။ အဓိကတော့ ဟားခါးထန်တလန်ကြားဆိုပေမယ့် ဟားခါးမြို့နယ်ထဲမှာပါပဲ” ဟု ဆလိုင်းထက်နီကPeople’s Spring သို့ဇွန် ၄ ရက်တွင်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။