Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့် ချင်းပြည်သူများအတွက် KIOက CNFထံ ကျပ်သိန်း နှစ်ထောင် လှူဒါန်း

ချင်းလဲန်ပြည်သူများကို စာနာထောက်ထားပြီး ညီရင်းအကို စိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။

(ချင်းပြည်နယ် မတူပီမြို့တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွား လူနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ချင်းပြည်နယ် မတူပီမြို့တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွား လူနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မိုခါမုန်တိုင်းကြောင့် လေဘေးဒဏ်ရင်ဆိုင်နေကြရသည့် ချင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ကျပ်သိန်းနှစ်ထောင် ပေးအပ်လှူဒါန်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ဇွန်လ ၅ရက်တွင် သတင်းထုတ်ပြန်သည်။

ချင်းလဲန်ပြည်သူများကို စာနာထောက်ထားပြီး ညီရင်းအကို စိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၏ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် အိမ်ခြေ၊ စာသင်ကျောင်း၊ ကျန်းမာရေးအဆောက်အဦး၊ ဘာသာရေးအဆောက်အဦး၊ စပါးကျီအပါအဝင် အဆောက်အဦး ၃,၃၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာ၊ အမိုးအကာများ လိုအပ်လျက်ရှိသည်။

KIOအနေဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့သည့် ရခိုင်ပြည်နယ် ဒေသခံများ အတွက်လည်း ကျပ်သိန်း ၃,၀၀၀ကို ရက္ခိုင့်တပ်တော်(AA)ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။