Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းသင့် ချင်းပြည်သူများအတွက် KIOက CNFထံ ကျပ်သိန်း နှစ်ထောင် လှူဒါန်း

ချင်းလဲန်ပြည်သူများကို စာနာထောက်ထားပြီး ညီရင်းအကို စိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။

(ချင်းပြည်နယ် မတူပီမြို့တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွား လူနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ချင်းပြည်နယ် မတူပီမြို့တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွား လူနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မိုခါမုန်တိုင်းကြောင့် လေဘေးဒဏ်ရင်ဆိုင်နေကြရသည့် ချင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ကျပ်သိန်းနှစ်ထောင် ပေးအပ်လှူဒါန်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ဇွန်လ ၅ရက်တွင် သတင်းထုတ်ပြန်သည်။

ချင်းလဲန်ပြည်သူများကို စာနာထောက်ထားပြီး ညီရင်းအကို စိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၏ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် အိမ်ခြေ၊ စာသင်ကျောင်း၊ ကျန်းမာရေးအဆောက်အဦး၊ ဘာသာရေးအဆောက်အဦး၊ စပါးကျီအပါအဝင် အဆောက်အဦး ၃,၃၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာ၊ အမိုးအကာများ လိုအပ်လျက်ရှိသည်။

KIOအနေဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့သည့် ရခိုင်ပြည်နယ် ဒေသခံများ အတွက်လည်း ကျပ်သိန်း ၃,၀၀၀ကို ရက္ခိုင့်တပ်တော်(AA)ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

Facebook