Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အာဆီယံ အသိုက်အဝန်းထဲ နေရာပြန်ပေးနိုင်ရေး ထိုင်းအစိုးရ လော်ဘီလုပ်နေ

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ညီလာခံ တက်ရောက်ဖို့ ထိုင်းရဲ့ လော်ဘီလုပ်မှုကတဆင့် ဖိတ်ကြားခံထားရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Reutersက ဆက်သွယ် မေးမြန်းပေမယ့် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန် မှတ်ချက်ပေးတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီကို အာဆီယံ အသိုက်အဝန်းထဲ နေရာပြန်ပေးနိုင်ရေး ထိုင်းအစိုးရ လော်ဘီလုပ်နေ
စစ်ကောင်စီကို အာဆီယံ အသိုက်အဝန်းထဲ နေရာပြန်ပေးနိုင်ရေး ထိုင်းအစိုးရ လော်ဘီလုပ်နေ

အာဏာသိမ်း စစ်အစိုးရကို အာဆီယံ အသိုက်အဝန်းထဲမှာ နေရာပြန်ပေးဖို့ ထိုင်းအစိုးရက ရှေ့ဆောင်လမ်းပြ အားထုတ်နေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ အပြီးမှာ ကြားကာလ အစိုးရ အနေနဲ့ တာဝန်ယူထားတဲ့ ထိုင်းအစိုးရဟာ အခု သီတင်းပတ်ကုန်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို မြန်မာ့အရေး ဆွေးနွေးဖို့ကိစ္စ အလွတ်သဘော ဖိတ်ခေါ်ထားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးကိုပါ ထည့်သွင်း ဖိတ်ကြားထားတယ်လို့ ဒီကိစ္စနဲ့ ပတ်သက်သူ ၃ ဦးက Reuters သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်လို့ အလွတ်သဘော တွေ့ဆုံဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ကမကထလုပ်ပြီး ဇွန် ၁၄ ရက်မှာ ဖိတ်ကြားစာတွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ပြီး အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိပ်သီး အစည်းအဝေးတွေမှာ မဖိတ်ကြားဘဲ ဖယ်ထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီအခြေအနေမှာ ကိုယ်တိုင်က စစ်အာဏာရှင်ကနေ ပြောင်းလဲလာတာဖြစ်တဲ့ ထိုင်းအစိုးရက စစ်ကောင်စီကို အာဆီယံထဲမှာ ဝင်ဆံ့အောင် ပြန်ဆွဲထည့်ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် အာဆီယံ အသိုက်အဝန်းထဲမှာတော့ စစ်ကောင်စီဖက်ယိမ်းတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေ ရှိနေသလို အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ် ဗိုလ်ချုပ်တွေအပေါ် အကြီးအကျယ် စိတ်ပျက်နေပြီ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ညီလာခံ တက်ရောက်ဖို့ ထိုင်းရဲ့ လော်ဘီလုပ်မှုကတဆင့် ဖိတ်ကြားခံထားရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Reutersက ဆက်သွယ် မေးမြန်းပေမယ့် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန် မှတ်ချက်ပေးတာ မရှိခဲ့ပါဘူး။

နီးစပ်သူတွေရဲ့ အဆိုအရ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှား အစိုးရက ထိုင်းရဲ့ အဆိုပြု ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ထားကြောင်း သိရပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အဲဒီလို ဆွေးနွေးပွဲမျိုး လုပ်မယ်ဆိုတာ ကြားတောင် မကြားမိဘူးလို့ ဆိုပါတယ်။

အမေရိကန်ကို ရောက်ရှိနေတဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားနေမှုတွေဟာ ဘာတိုးတက်မှုမှ ရှိမလာကြောင်း အတိအလင်း ထုတ်ဖော် ဝေဖန်လိုက်ချိန်မှာ ထိုင်းက မြန်မာ စစ်အာဏာရှင်တွေကို အာဆီယံနဲ့ ရင်ကြားပြန်စေ့ပေးဖို့ ကတိုက်ကရိုက် အားထုတ်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံကိစ္စအတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘော ဆွေးနွေးဖို့ ဦးဆောင် ဖိတ်ကြားခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် ငြင်းဆိုတာ မရှိသလို ဝန်လည်းမခံခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် အာဆီယံ ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်တို့ တွေ့ဆုံပြီး နိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က အဲဒီ သဘောတူညီချက်တွေကို လုံးဝ လေးစားလိုက်နာမှု မရှိတဲ့အပြင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို မြိန်ရည်ယှက်ရည် ဆက်လက် ကျူးလွန်နေတဲ့နောက် အာဆီယံ အသိုက်အဝန်းထဲကနေ ဖယ်ကြဉ် ခံလာရတာ ဖြစ်ပါတယ်။

ကိုးကား- ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူထုတည်ငြိမ်မှုကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးကို အစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။