Connect with us

Hi, what are you looking for?

သတင်း

ဝေါမြို့နယ်တွင်စစ်​ကောင်စီ ဖမ်းဆီးသွား​သောပြည်သူ ၅ဦး နှစ်လအကြာတွင်သေဆုံးပြီဟုမိသားစုထံအကြောင်းကြား

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံရသူများတွင် ဖိုးစပါယ်ကျေးရွာမှ ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ ၅၃ နှစ်အရွယ် ဒေါ်တင်မျိုးခိုင်နှင့် ၄၅ နှစ်အ ရွယ် ကိုဆံရှည်၊ ကျုံပါကျေးရွာမှ ၆၀ နှစ်အရွယ် ဦးမြသိန်း၊ ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းတို့ဖြစ် ကြောင်း​ဒေသခံများထံမှသိရသည်။

(​ဝေါမြို့နယ် ၊ဖိုးစပယ်​​ကျေးရွာ(အနီ​ရောင်ပင်အပ်ပြထား)နှင့် ​ညောင်ခါးရှည်ရွာတို့ကို Google Map တွင်​တွေ့ရပုံ)
(​ဝေါမြို့နယ် ၊ဖိုးစပယ်​​ကျေးရွာ(အနီ​ရောင်ပင်အပ်ပြထား)နှင့် ​ညောင်ခါးရှည်ရွာတို့ကို Google Map တွင်​တွေ့ရပုံ)

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် လွန်ခဲ့သောနှစ်လက စစ်​ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူငါးဦးမှာသေဆုံးသွားပြီဖြစ်၍ နာရေးပြုလုပ်နိုင်ပြီဖြစ်ကြောင်း မိသားစုဝင်များထံ စစ်ကောင်စီက အကြောင်းကြားလာသည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်အဆိုပါတိုက်ခိုက်မှုနှင့်ဆက် စပ်သည်ဆိုကာ ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာမှ ပြည်သူသုံးဦးနှင့် ကျုံပါကျေးရွာမှ ပြည်သူနှစ်ဦးတို့ကို စစ်ကောင်စီတပ်က၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၅ ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီး ၊ သက်လတ်ပိုင်းတစ်ဦးနှင့် သက်ကြီးပိုင်း ၄ ဦးကို စစ်​ကောင်စီက စွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံရသူများတွင် ဖိုးစပါယ်ကျေးရွာမှ ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ ၅၃ နှစ်အရွယ် ဒေါ်တင်မျိုးခိုင်နှင့် ၄၅ နှစ်အ ရွယ် ကိုဆံရှည်၊ ကျုံပါကျေးရွာမှ ၆၀ နှစ်အရွယ် ဦးမြသိန်း၊ ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းတို့ဖြစ် ကြောင်း​ဒေသခံများထံမှသိရသည်။

Public Service Announcement

Public Service Announcement

“ဖမ်းခံရတဲ့ငါးဦးရဲ့ မိသားစုဝင်တွေဆီကို ရဲကနေတဆင့် ဒီနေ့(ဇွန် ၁၇)မှ စစ်ကောင်စီက အကြောင်းကြားခိုင်းတာ။ ဘယ်အချိန်သေမှန်းလဲမပြောဘူး။ အ လောင်းလည်း မပြဘူး။ ဖမ်းပြီးနှစ်လကြာမှပြောတာ”ဟု ဝေါ ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ဇွန် ၁၇ ရက်တွင် ပြောသည်။

အထက်ပါ ပြည်သူငါးဦး ဖမ်းဆီးခံရသည့်ဖြစ်စဥ်တွင် ကျုံပါရွာမှ ဦးမြသိန်းနှင့် ကိုကျော်မြင့်သိန်းတို့ကို နေအိမ်ခြံဝန်းအတွင်းဝင်ရောက်၍ ပစ်ခတ်ဖမ်း ဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးစဥ်ကပင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတို့ကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဝေါ ပ.က.ဖ နှင့် ပဲခူးခရိုင် PDF တပ်ရင် ၃၇၀၁ တို့ပူး ပေါင်းပြီး၂၀၂၃ ဧပြီ ၂၇ ရက်ညတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ရဲတပ် သားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဖိုးဦးစိန်ကျေးရွာမှာ နာရေးယာဥ်အဖြစ် အသုံးပြုဖို့ ခွေးဘီလူးကားလေးတစ်စီး ဇွန်လထဲက ရောက်ရှိလို့လာခဲ့တယ်။ ခွေးဘီလူးကားလေးတွေကို နာရေးယာဥ်အဖြစ် အသုံးပြုတာတော့ အတော်နည်းပါတယ်။ မြို့ပေါ်မှာ နာရေးယာဥ်အဖြစ်သုံးတဲ့ယာဥ်တွေကျ စျေးမတက်နိုင်တာကြောင့် ခွေးဘီလူးကားလေးကိုပဲ ပြင်ဆင်မွမ်းမံရင်း နာရေးယာဥ်အဖြစ် သုံးဖို့ စီစဥ်ရတာပါ။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။