Connect with us

Hi, what are you looking for?

သတင်း

အ​မေရိကန်က ဘဏ်နှစ်ခုအပြင် စစ်​​ကောင်စီကာကွယ်​ရေးဝန်ကြီးဌာန ကိုပါဒဏ်ခတ်အ​ရေးယူ

အ​မေရိကန်အစိုးရက စစ်တပ်အာဏာသိမ်းမှု​ကြောင့် လူပုဂ္ဂိလ် ၈၀ ​ကျော်နဲ့ အဖွဲ့အစည်း ၃၀ ​ ​ကျော်ကိုလည်း ​အ​ရေးယူဒဏ်ခတ်ထားပါ​သေးတယ်။

အ​မေရိကန်က ဘဏ်နှစ်ခုအပြင် စစ်​​ကောင်စီကာကွယ်​ရေးဝန်ကြီးဌာန ကိုပါဒဏ်ခတ်အ​ရေးယူ
အ​မေရိကန်က ဘဏ်နှစ်ခုအပြင် စစ်​​ကောင်စီကာကွယ်​ရေးဝန်ကြီးဌာန ကိုပါဒဏ်ခတ်အ​ရေးယူ

စစ်အုပ်စု၏ကြမ်းကြုတ်ရက်စက်မှု​တွေအတွက် စစ်​ကောင်စီရဲ့ကာကွယ်​ရေးဝန်ကြီးဌာနနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ် ၂ ဘဏ်ကို ဒဏ်ခတ်အ​ရေးယူလိုက်​တယ်လို့အ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီးဌာနက​ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ဒီ​​ကနေ့ (ဇွန် ၂၁)ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အပြည့်အစုံကို​အေက်ပါအတိုင်းအပြည်အစုံ​ဖော်ပြ​ပေးလိုက်ပါတယ်။

“မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန (MoD) နှင့် မြန်မာနိုင်ငံတွင် အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အကြီးမားဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ယနေ့တွင် အမေရိကန်ပြည်ထောင်စုက အရေးယူသတ်မှတ်မှုများ ပြုလုပ်သွားပါမည်။ အာဏာရှင်အဖွဲ့အစည်းက ကာကွယ်

ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၄င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့ကြပါသည်။

Public Service Announcement

Public Service Announcement

မိမိတို့နိုင်ငံတော်အတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စစ်မှန်သော ဒီမိုကရေစီအနာဂတ်တစ်ခုကို ရှာဖွေလျှက်ရှိသည့် မြန်မာပြည်သူများအတွက် အားပေးထောက်ခံမှုကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့သွားမည် မဟုတ်ပါ။ အာဏာရှင်အဖွဲ့အစည်းက ရုရှားကာကွယ်ရေးကဏ္ဍသို့ ခိုင်မာသည့်ငွေကြေး လွှဲပြောင်းပေးနိုင်မှုကို ထိန်းချုပ်ကန့်သတ်ရင်း အာဏာရှင်အဖွဲ့အစည်းက အကြမ်းဖက်မှုများကို တိုးမြှင့်ရန်နှင့် အကြပ်အတည်းကို ရှည်ကြာစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာဘဏ္ဍာရေးစနစ်မှတဆင့် အမြတ်ထုတ်နိုင်မှုကို ကန့်သတ်ရန် မိမိတို့၏ မိတ်ဖက်များ၊ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းမှ မဟာမိတ်များနှင့်အတူ မိမိတို့ ဆက်လက်ထိတွေ့ဆောင်ရွက်သွားပါမည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နှင့် MICB တို့ကို အရေးယူသတ်မှတ်မှုများဆောင်ရွက်ခြင်းမှာ ၄င်းတို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ နိုင်ငံရေးနည်းလမ်းအရသတ်မှတ်ထားသည့် အုပ်ချုပ်ရေးအပိုင်းအခြားများ၊ အေဂျင်စီများ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့်အဖွဲ့အစည်းများဖြစ်သည့်အတွက် သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄အရ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယနေ့ အရေးယူမှုများအကြောင်း ပိုမိုသိရှိလိုပါက ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် https://tinyurl.com/MM20230621 ကို ဖတ်ရှုနိုင်ပါသည်” လို့​ဖော်ပြထားပါတယ်။

အ​မေရိကန်အစိုးရက စစ်တပ်အာဏာသိမ်းမှု​ကြောင့် လူပုဂ္ဂိလ် ၈၀ ​ကျော်နဲ့ အဖွဲ့အစည်း ၃၀ ​ ​ကျော်ကိုလည်း ​အ​ရေးယူဒဏ်ခတ်ထားပါ​သေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook