Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်တွင် PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု ဒေသခံပြော

ပခုက္ကူမြို့မှ ကျောက်ထုသို့ ဦးတည်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းကို ဇွန်လ ၂၁ရက်ညပိုင်း၌ ဆောမြို့နယ် အညာရွာနှင့် တပြင်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက်တွေ့ရသော စစ်ကောင်စီတပ်သားများ။ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက်တွေ့ရသော စစ်ကောင်စီတပ်သားများ။ဓာတ်ပုံ - CJ)

မကွေးတိုင်း ဆောမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့် နီးစပ်သည့် ဒေသခံက ပြောသည်။

ပခုက္ကူမြို့မှ ကျောက်ထုသို့ ဦးတည်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းကို ဇွန်လ ၂၁ရက်ညပိုင်း၌ ဆောမြို့နယ် အညာရွာနှင့် တပြင်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ညကတော့ ၁၅ယောက်ထက်မနည်းသေတယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်တာ ။ တပြင်းနဲ့ အညာရွာအကြား။ ဖြစ်တော့ မိုင်းကွင်းထဲ မိလို့ မိုင်းဆွဲတာရော ကားတွေ မိုင်းမိတာရော။ ကား ၂စီးကတော့ ပျက်သွားတယ်လို့ပြောတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လက်ရှိတွင်ရှေ့မဆက်နိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ပြောပြသည်။

Public Service Announcement

Public Service Announcement

“အညာရွာကနေ မထွက်နိုင်ဘူးဖြစ်နေတယ်။ ကားနှစ်စီးကလည်းပျက်နေတယ် လူတွေကလည်း ၁၅ယောက် ၂၀လောက်သေထားတယ်ဆိုတော့ ရှေ့မတိုးရဲဘူးဖြစ်နေတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိဟုလည်း ပြောသည်။ သို့သော် စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့က ဆောမြို့နယ်အတွင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွာသာရွာ၌ တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူ ငါးဦးနှင့် ဘုန်းကြီးတစ်ပါး ၊ ကိုရင်တစ်ပါး စုစုပေါင်း အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်ခ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

ပခုက္ကူမြို့မှလာသည့် စစ်ယာဉ်တန်းများ ကျောက်ထုသို့ ဦးတည်လာရောက်ခြင်းကြောင့် ကျောက်ထု အမြောက်တပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် တမင် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံ အခြားသတင်းရင်းမြစ်က ပြောသည်။ အဆိုပါယာဉ်တန်းသည် ကျောက်ထုအမြောက်တပ်သို့ လက်နက်ခဲယမ်း လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဆောနယ် ဒေသခံက ခန့်မှန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်