Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ် တောင်တံငါကျေးရွာမှာ အမျိုးသားတစ်ဦးပစ်သတ်ခံရ

“သူက ကျေးရွာမှာ အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားတဲ့သူတော့မဟုတ်ဘူး။ဒါပေမယ့် စစ်တပ်သတင်းပေး ဒလန်ပါ။သူ့ကြောင့်လည်း ရွာက တော်တော်လေးအမွှေခံရတယ်။”လို့ ကျေးရွာခံတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ တောင်တံငါကျေးရွာ က လက်ဖက်ရည်ဆိုင်မှာ စစ်တပ်သတင်းပေး ဆိုသူအမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဒီကနေ့ မနက်၈နာရီခွဲလောက်က မန္တလေး #မိုးကုတ်ကားလမ်း ဘေး တောင်တံငါကျေးရွာရှိ ရွှေပါဝါလက်ဖက်ရည်ဆိုင်မှာ ဦးစံလှဆိုတဲ့ အမျိုးသားကို ဆိုင်ကယ်နဲ့လူ၂ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“သူက ကျေးရွာမှာ အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားတဲ့သူတော့မဟုတ်ဘူး။ဒါပေမယ့် စစ်တပ်သတင်းပေး ဒလန်ပါ။သူ့ကြောင့်လည်း ရွာက တော်တော်လေးအမွှေခံရတယ်။”လို့ ကျေးရွာခံတစ်ဦးကပြောပါတယ်။

အဲဒီအမျိုးသားဟာ စစ်တပ်ကိုခေါ်ပြီး ရွာထဲကိုစစ်ဆေးတာတွေပြုလုပ်တာတွေရှိခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့အတွက် လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းက မတ္တရာမြို့အနီးရှိ ကျေးရွာတစ်ရွာမှာလည်း စစ်ကောင်စီသတင်းပေးဆိုပြီး အမည်ထွက်နေတဲ့ အမျိုးသမီးတစ်ဦးသေနတ်ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။