Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ ဇလုပ်အဝိုင်းပတ်ရှိ စစ်အုပ်စုအား ပစ်ခတ်ရာ တစ်ဦးသေဆုံး

ပစ်ခတ်မှုကြောင့် စစ်သားသုံးဦး ကျည်ထိမှန်ပြီး တစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးကြောင်း၊ ကျန် နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟု စစ်ဆင်ရေးရဲဘော်များက ဆိုသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ဇလုပ်အဝိုင်းပတ်၌ စစ်ဆေးငွေတောင်းခံနေသော စစ်ကောင်စီတပ်သားများအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း မုံရွာနတ်ဆိုးအဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက် ညနေ ၄နာရီခန့်က ဇလုပ် အဝိုင်းပတ်၌ စစ်ဆေးငွေတောင်းခံနေသော စစ်ကောင်စီတပ်သား ခြောက်ဦးအား မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့နှင့် မုံရွာနတ်ဆိုးအဖွဲ့တို့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် စစ်သားသုံးဦး ကျည်ထိမှန်ပြီး တစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးကြောင်း၊ ကျန် နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟု စစ်ဆင်ရေးရဲဘော်များက ဆိုသည်။

“အင်အားက ခြောက်ယောက်တည်း။ မုံရွာစက်မှုဇုန်ဘက် မြို့ရှောင်လမ်းမှာ သုံးယောက်ခွဲနေတယ်။ ဇလုပ်ရွာ ကျောက္ကာဘက်ထွက်မယ့် အခြမ်းမှာ သုံးယောက်ခွဲနေတယ်။ ပစ်တာက ကျောက္ကာဘက်ထွက်မယ့် အခြမ်းက သုံးယောက်ကို ပစ်လိုက်တာ။ တစ်ယောက်ကပွဲချင်းပြီး နှစ်ယောက်ကဒဏ်ရာရတယ်။ အဲဒီနားသွေးတွေလည်း တော်တော်အိုင်နေတယ်။”ဟု မုံရွာနတ်ဆိုးအဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုနေ့က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဇလုပ်အဝိုင်းပတ်တွင် စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တော်လှန်ရေးအားကောင်းသော မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများက မြို့ခံပြည်သူများအား နေ့စဥ်စစ်ဆေး​ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။