Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်ရှိ ရေကန်စုရွာ စစ်ကောင်စီတပ်စီးနင်းပြီး ဒေသခံခြောက်ဦးကို သတ်ဖြတ်သွား

သေဆုံးသူများအနက် PDF ရဲဘော်အချို့ ပါဝင်သည်ဟု ပြောဆိုနေကြသော်လည်း လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

(စစ်အုပ်စုက ထုတ်ပြန်ထားသော ရေကန်စုရွာက သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(စစ်အုပ်စုက ထုတ်ပြန်ထားသော ရေကန်စုရွာက သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကလေးတစ်ဦးအပါအဝင် ဒေသခံခြောက်ဦးကို သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇွန်လ ၇ရက်) နံနက် ၅ နာရီခန့်က မုံရွာမြို့၊ ရောင်တော်ထုံးရွာနှင့် ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ရေကန်စုကျေးရွာမှ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးနှင့် ကလေးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသူများအနက် PDF ရဲဘော်အချို့ ပါဝင်သည်ဟု ပြောဆိုနေကြသော်လည်း လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဒလန်ကြောင့်လည်းပါတယ်။ စခန်းမှာလက်နက်မရှိချိန် လူနည်းနေတဲ့အချိန်ကို အလစ်ဝင်ပစ်တယ်။လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဘာမှမဆိုင်တဲ့သူတွေ မိန်းကလေးနှစ်ဦး ယောကျာ်းလေးတစ်ဦးကိုလည်း မီးရှို့သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း PDF အဖွဲ့များဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်အသိပေးခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့