Connect with us

Hi, what are you looking for?

News

ကက(ဝယ်)ညွှန်မှူးရုံးဗုံးခွဲပြီး ပိုမိုပြင်းထန်​သောတိုက်ခိုက်မှု ပြုလုပ်မည်ဟု​​ နေပြည်​တော် PDF သတိပေး

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးပေါက်ကွဲမှုမှာ ကနဦးလှုပ်ရှားမှုမျှသာဖြစ်ပြီး ပိုမိုပြင်းထန်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဟု နေပြည်တော် PDF က သတိပေးလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

စစ်ဘက်ဆိုင်ရာ ယာဥ်တစ်စီးနှင့် ရုံးအဆောက်အအုံ​​အစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်။ ရုံး ဆင်ဝင်အောက် ယာဘက်ခြမ်းရှိ အမြင့်နှစ်ပေခွဲခန့်၊ လုံးပတ်နှစ်ပေခွဲခန့်ရှိ အနီရောင်ပန်းအိုးအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုပေါက်ကွဲမှုဖြစ်စဥ်သည် ပြည်သူ့ကာကွယ်ရေးတပ်မ တော်(နေပြည်တော်)နှင့် အမည်မဖော်လိုသည့်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းဆောင်ရွက်သည်ဟု နေပြည်တော် PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဘက်မရပ်တည်ဘဲ စစ်ကောင်စီ၏ လက်ကိုင်တုပ်အဖြစ် ရပ်တည်နေသူများအတွက် ကနဦးလှုပ်ရှားမှုသာဖြစ်ပြီး ယခုထက်ပိုမိုပြင်းထန်သည့် အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)က အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook