Connect with us

Hi, what are you looking for?

LuduNwayOo

News

ကက(ဝယ်)ညွှန်မှူးရုံးဗုံးခွဲပြီး ပိုမိုပြင်းထန်​သောတိုက်ခိုက်မှု ပြုလုပ်မည်ဟု​​ နေပြည်​တော် PDF သတိပေး

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးပေါက်ကွဲမှုမှာ ကနဦးလှုပ်ရှားမှုမျှသာဖြစ်ပြီး ပိုမိုပြင်းထန်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဟု နေပြည်တော် PDF က သတိပေးလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးသည် ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

စစ်ဘက်ဆိုင်ရာ ယာဥ်တစ်စီးနှင့် ရုံးအဆောက်အအုံ​​အစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်။ ရုံး ဆင်ဝင်အောက် ယာဘက်ခြမ်းရှိ အမြင့်နှစ်ပေခွဲခန့်၊ လုံးပတ်နှစ်ပေခွဲခန့်ရှိ အနီရောင်ပန်းအိုးအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုပေါက်ကွဲမှုဖြစ်စဥ်သည် ပြည်သူ့ကာကွယ်ရေးတပ်မ တော်(နေပြည်တော်)နှင့် အမည်မဖော်လိုသည့်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းဆောင်ရွက်သည်ဟု နေပြည်တော် PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဘက်မရပ်တည်ဘဲ စစ်ကောင်စီ၏ လက်ကိုင်တုပ်အဖြစ် ရပ်တည်နေသူများအတွက် ကနဦးလှုပ်ရှားမှုသာဖြစ်ပြီး ယခုထက်ပိုမိုပြင်းထန်သည့် အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)က အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။