Connect with us

Hi, what are you looking for?

သတင်း

က​လေးဝနှင့် မင်းကင်းကြားတိုက်ပွဲစစ်​ကောင်စီတပ်အထိနာ

တိုက်ပွဲကို NUG ၏ကလေးခရိုင်လက်‌အာက်ခံPDFတပ်ရင်းများက ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့​သော်တိုက်ပွဲအသေးစိတ်အခြေအနေကို စစ်ရေးလုံခြုံရေးအရ မပြောနိုင်သေးကြောင်း People’s Spring ၏ သတင်းရင်းမြစ်များကပြောသည်။

(ဇွန်လ ၁၆ရက်က စခန်းကြီးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ PDFများကသိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG MoD)
(ဇွန်လ ၁၆ရက်က စခန်းကြီးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ PDFများကသိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG MoD)

စစ်ကိုင်းတိုင်း၊ ကလေးဝနှင့် မင်းကင်းမြို့ကြားတွင် ယမန်နေ့( ဇွန်လ ၂၈ရက်)က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကလေးဝနှင့် မင်းကင်းမြို့ကြား လမ်းပိုင်းတ‌နေရာတွင် ဇွန်လ ၂၈ရက် နံနက် ၈နာရီခန့်မှ ၁၁ နာရီခန့်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” စစ်ကြောင်းကကလေးဝနဲ့မင်းကင်းနယ်ကိုပတ်နေတဲ့စစ်ကြောင်းပါ။ ဒီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ” ဟုမင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကPeople Spring ကိုပြောသည်။

တိုက်ပွဲကို NUG ၏ကလေးခရိုင်လက်‌အာက်ခံPDFတပ်ရင်းများက ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့​သော်တိုက်ပွဲအသေးစိတ်အခြေအနေကို စစ်ရေးလုံခြုံရေးအရ မပြောနိုင်သေးကြောင်း People’s Spring ၏ သတင်းရင်းမြစ်များကပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇွန်က ၁၆ရက်ကလည်း ကလေး၀မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့အင်အား ၁၃၀ကျော်ပါသည့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀နီးပါးသေဆုံးခဲ့ကြောင်းသိရသည်။ PDFများက စစ်ကောင်စီတပ်၏ ကားနှစ်စီးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး MA-(11) နှစ်လက်၊ G-3 နှစ်လက်၊ MA-11 ကျည်ဘောက် သုံးခု၊ G-3 ကျည်ဘောက် ခြောက်ခု၊ MG (3) ငါးကြင်းမြှီး တစ်လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း တစ်လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူးငါးလုံး၊ အီနာဂါ ဗုံးသီးငါး လုံး၊ .38 Webly Wesson (၆)လုံးပြူးတစ်လက်၊ Jammer တစ်လုံး၊ M-14 နင်းမိုင်း နှစ်လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့​ကြောင်း NUG ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။