Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့တွင် နာရေးအသင်းယာဥ်ဖြင့် လျှို့ဝှက်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများအား PDF ရဲဘော်များ တိုက်ခိုက်

မိုင်းသုံးလုံးတွဲဖြင့် နေရာနှစ်ခုတွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုရှိခဲ့သည်ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ Young Force (UG)က သတင်းထုတ်ပြန်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း ပခုက္ကူမြို့တွင် နာရေးကူညီမှုအသင်းယာဥ်ဖြင့် လျှို့ဝှက်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(ဇူလိုင် ၁ရက်)နံနက် ၈နာရီခန့်က ပခုက္ကူမြို့နယ်၊ ကုန်းတက်ကန်ကျေးရွာအနီးသို့ရောက်ရှိလာသော နာရေးကူညီမှုအသင်းယာဥ်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လိုက်ပါလာကြောင်း အတည်ပြုသတင်းရရှိပြီးနောက် မိုင်းခွဲတိုက်ခိုက်ခြင်းဟု ပခုက္ကူမြို့ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

“ခိုးကြောင်းခိုးဝှက်လာတာဗျ။ ဒီလမ်းကို ဖြတ်နေကြတဲ့ ပြည်သူတွေကို ကျွန်တော်တို့ သတိပေးချက်‌တွေ ထုတ်ထားပါတယ်။ ဒီနေ့မနက်မှာတော့ ခိုးကြောင်ခိုးဝှက်လာတာကို မိုင်းနဲ့ဆော်တာပါ”ဟု အထက်ပါ ရဲဘော်က ပြောသည်။

မိုင်းသုံးလုံးတွဲဖြင့် နေရာနှစ်ခုတွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုရှိခဲ့သည်ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ Young Force (UG)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပခုက္ကူ – မြိုင် လမ်းပိုင်းအား အသုံးပြုမည့်မိဘပြည်သူများအနေဖြင့် အိမ်စီးကားများအား မှန်ချမောင်းနှင်ရန်နှင့် လူမှုကူညီရေးယာဥ်များအနေဖြင့်လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ သတင်းပေးပို့ပြီးမှ ဖြတ်သန်းသွားလာ​​ကြရန်Young Force (UG) က မေတ္တာရပ်ခံထားသည်။

ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၀ရက်နှင့် ၂၁ရက်က စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက နှစ်ရက်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။