Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုမြို့နယ်ရှိ စစ်​ဘေး​ရှောင်စခန်းကို စစ်​ကောင်စီတပ် ​လေယာဥ်ဖြင့် ဗုံးကြဲ၍ စစ်ဘေး​ရှောင် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)
(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်း ကို စစ်ကောင်စီတပ်က ယ​နေ့နံနက် အ​စောပိုင်းတွင် ပေါင် ၅၀၀ ဗုံးများဖြင့်ကြဲခဲ့၍ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူသုံးဦး ဒဏ်ရာရရှိကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် DMO-Local PDF က ထုတ်ပြန်သည်။

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)
(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)

“ဘာတိုက်ပွဲမှ မရှိဘူးလေ။ပြီးတော့ စစ်ရှောင်စခန်း မှန်း သူတို့ မသိပဲ မနေဘူး။ပြီးတော့ ဒီးမော့ဆို အနောက်ခြမ်း မှာက ကရင်နီဒေသ တစ်ခုလုံးက စစ်ရှောင် ပြည်သူ သုံးပုံးပုံတစ်ဝက်လောက်ရှိနေတာ”ဟု ကရင်နီစစ်ရှောင်အရေးကူညီပေးနေသူကလည်း People’s Spring သတင်းဌာနသို့ပြောသည်။

(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)
(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ နှစ်လုံးနှင့် ပေါင် ၁ဝဝနှစ်လုံး လေးကြိမ်တိုင်တိုင် စစ်ကောင်စီဂျက်တိုက်​လေယာဥ်က ဗုံးများကျဲချခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုဗုံးကျဲမှုကြောင့် စစ်ရှောင်ပြည်သူ အသက် ( ၂ )နှစ် ၁၀ လအရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တဲအချို့နဲ့ ယာယီစာသင်ကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့​ကြောင်း ဒီး​မော့ဆို PDF က အသိ​ပေးသည်။

(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)
(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)

စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အရေးနိမ့် အထိနာပြီး​နောက် အပြစ်မဲ့ပြည်သူများရှိရာ စစ်ရှောင် စခန်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်း မကြာခဏ ပြုလုပ်လျှက်ရှိ​ကြောင်း ​​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။