Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ၏ရေယာဥ်နှစ်စီး တိုက်ခိုက်ခံရ

မုံရွာမြို့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သည် အမြင့်မြို့ဟောင်းရှိ စစ်အုပ်စုတပ်စွဲရာသို့ ရေယာဥ်များဖြင့် ရိက္ခာများ၊ လူအင်အားများ သွားရောက်ပို့ဆောင်လေ့ရှိသည်။

(ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ချင်းတွင်းမြစ်အတွင်း မောင်းနင်လာသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ချင်းတွင်းမြစ်အတွင်း မောင်းနင်လာသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းမှ မုံရွာမြို့သို့ဆန်တက်လာသည့် စစ်ကောင်စီ၏ ရေယာဥ်နှစ်စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၃ ရက်) ည ၇ နာရီ ၄၅ မိနစ်ခန့်က ချင်းတွင်းမြစ်အတိုင်း အမြင့်မြို့ဟောင်းမှဆန်လာသည့် စစ်ကောင်စီ၏ အမြန်ရေယာဥ်နှင့် ဖလက်ခွန်စက်လှေအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့က ပြောသည်။

“အပြီးအစီး ၂၅ မိနစ်လောက်ကြာတယ်။ ကျည်လာရာနဲ့ မီးပွင့်တာကို မှန်းရတာ။”ဟု Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ရေယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများကလည်း စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့ညက ပွဲကလည်းကောင်းတယ်။ မိုးကလည်းရွာတယ်။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )၊ တပ်ခွဲ – ၄ 5/TEACHERS PEOPLE DEFENSE FORCE PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာမြို့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သည် အမြင့်မြို့ဟောင်းရှိ စစ်အုပ်စုတပ်စွဲရာသို့ ရေယာဥ်များဖြင့် ရိက္ခာများ၊ လူအင်အားများ သွားရောက်ပို့ဆောင်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။