Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်အုပ်စု ကို တိုက်ခိုက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်အုပ်စု ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင် ( ၃၅)ကသတင်းထုတ်ပြန်သည်။

(ကနီနယ် ချင်းတွင်းမြစ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီးအား ၂၀၂၂ ဇူလိုင်အတွင်းက တွေ့ရစဥ် ။ဓာတ်ပုံ-ချင်းတွင်းချစ်သူ)
(ကနီနယ် ချင်းတွင်းမြစ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီးအား ၂၀၂၂ ဇူလိုင်အတွင်းက တွေ့ရစဥ် ။ဓာတ်ပုံ-ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်အုပ်စု ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင် ( ၃၅)ကသတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်အတွင်း သောင်တင်နေသော စစ်ကောင်စီရေယာဥ်များဆီသို့ စစ်ကူရန် မုံရွာမြို့မှ ထွက်ခွာလာသော ရေယာဥ်အုပ်စုသည် ယနေ့(ဇန်နဝါရီ ၁၈ရက်)တွင် ကနီနယ်သို့ရောက်ရှိလာစဥ် ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်များက တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

“မနက် ၁၀နာရီကျော်လောက်ကနေ ချကြတာ။ နေ့ခင်း ၁နာရီခန့်ကျမှ ရပ်ကြတယ်။ စ…(စစ်ကောင်စီတပ်သား)တွေ သေတယ်ကြားလို့ ဝမ်းသာနေတာ”ဟု ကနီဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်မသိရကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံး ထိခိုက်ဒဏ်ရာ မရရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင် ( ၃၅) People’s Defence Army – Yinmarbinက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ် ချင်းတွင်မြစ်ကြောင်းအတွင်း ဇန်နဝါရီလဆန်းကာလက တိုက်ပွဲတွင် စစ်ကောင်စီရေယာဥ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်နှစ်မြုပ်နိုင်ခဲ့သည်။ အဆိုပါ စစ်ကောင်စီရေယာဥ်ပေါ်မှ သိမ်းယူနိုင်ခဲ့သော ဆန်နှင့် ရိက္ခာများကို စစ်ဘေးရှောင်ပြည်သူများထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပေးအပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။