Connect with us

Hi, what are you looking for?

သတင်း

CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာ သေဆုံး

နောင်ချိုမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာတင် CDM မှာပါဝင်ခဲ့သူဖြစ်ပါတယ်။

CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာ သေဆုံး
CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာ သေဆုံး

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ရှမ်းပြည်နယ် ၊နောင်ချိုမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဦးဌေးလင်းအောင်ဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်ဆိုတာကို တစ်နှစ်ကျော်ကြာမှာ မိသားစုထံ စစ်ကောင်စီဘက်က အကြောင်းကြားလာတယ်လို့ နီးစပ်သူတွေထံကတဆင့် သိရပါတယ်။

CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်ဟာ စစ်ကြောရေးရောက်ပြီး ၆ ရက်အကြာမှာ ဆုံးပါးသွားတာပါ။

အဲဒီသတင်းကို အခုသီတင်းပတ်မှာမှ မိသားစုဆီအကြောင်းကြာလာတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လအတွင်း လားရှိုးကနေ နောင်ချိုကိုအပြန် ၊ကျောက်မဲမြို့အဝင်ဂိတ်မှာ ဦးဌေးလင်းအောင် ဖမ်းခံရတာပါ။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာတင် CDM မှာပါဝင်ခဲ့သူဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သတင်းကိုကြားသိရပြီး နောက် ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရလို့ တစ်နှစ်ကျော်ကြာ စုံစမ်းခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဖမ်းဆီးခံရသူတွေကို စစ်ကြောရေးလုပ်ရာမှာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းအရ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်အထိ စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူ ဦးရေဟာ ၉၁ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။