Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးတွင် ရဲ CDM ခုနစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်

ပြည်သူ့ရင်ခွင်၏ ထောက်ပံ့မှုကို တစ်ကြိမ်မှ မရရှိသေးသော ရဲ CDM ခုနစ်ဦးအား ပြည်သူ့ရင်ခွင်ထောက်ပံ့မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တစ်ဦးလျင် ဘတ်ငွေ ၁,၀၀၀ (ကျပ် ၈၅,၀၀၀)စီပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ CDM ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - ကြာအင်းဆိပ်ကြီး(ပအဖ))
(ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ CDM ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - ကြာအင်းဆိပ်ကြီး(ပအဖ))

“ကြာအင်းဆိပ်ကြီးမှာ CDM တွေ တောင့်ခံခဲ့တာ ၂နှစ်ကျော်ပါပြီ။ တော်လှန်ရေးလည်း အောင်ပွဲနီးနေပါပြီ။ ကူညီမှုတွေကို အရေးကြီးတဲ့နေရာမှာ ကူညီကြပါ။ ကျနော်တို့ ကျင့်သားရနေပါပြီ” – မြို့နယ်(ပအဖ) တာဝန်ရှိသူ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ CDM ရဲတပ်ဖွဲ့ဝင်ပြည်သူ့သားကောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့(ဇွန်လ ၁၈ရက်) တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က သတင်းထုတ်ပြန်သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲကို ကြာအင်းဆိပ်ကြီးမြို့ လွတ်မြောက်နယ်မြေရှိ မီးအိမ်ရှင်ဆေးခန်း၌ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

(ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ CDM ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - ကြာအင်းဆိပ်ကြီး(ပအဖ))
(ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ CDM ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်နေစဉ်။ ဓာတ်ပုံ – ကြာအင်းဆိပ်ကြီး(ပအဖ))

ပြည်သူ့ရင်ခွင်၏ ထောက်ပံ့မှုကို တစ်ကြိမ်မှ မရရှိသေးသော ရဲ CDM ခုနစ်ဦးအား ပြည်သူ့ရင်ခွင်ထောက်ပံ့မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တစ်ဦးလျင် ဘတ်ငွေ ၁,၀၀၀ (ကျပ် ၈၅,၀၀၀)စီပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ကြာအင်းဆိပ်ကြီးဒေသရှိ CDM များအတွက် လိုအပ်ချက်ကို ကြာအင်းဆိပ်ကြီးမြို့နယ် ပအဖ အဖွဲ့များက ကျားကန်ပြီး လုပ်ပေးနေကြောင်း၊ အခြေခံလိုအပ်ချက်များ အားနည်းခြင်း မပြည့်စုံခြင်းရှိသော်လည်း စုစည်းဖြေရှင်းနေကြောင်း ကြာအင်းဆိပ်ကြီး(ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ CDM ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - ကြာအင်းဆိပ်ကြီး(ပအဖ))
(ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ CDM ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်နေစဉ်။ ဓာတ်ပုံ – ကြာအင်းဆိပ်ကြီး(ပအဖ))

“ကြာအင်းဆိပ်ကြီးမှာ စီဒီအမ်တွေတောင့်ခံခဲ့တာ ၂နှစ်ကျော်ပါပြီ။ တော်လှန်ရေးလည်း အောင်ပွဲနီးနေပါပြီ။ ကူညီမှုတွေကို အရေးကြီးတဲ့နေရာမှာ ကူညီကြပါ။ ကျနော်တို့ ကျင့်သားရနေပါပြီ”ဟု ကြာအင်းဆိပ်ကြီး မြို့နယ်(ပအဖ) တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။