Connect with us

Hi, what are you looking for?

သတင်း

ကရင်နှင့် ပြည်သူတစ်ရပ်လုံးအား ပိုထိရောက်သည့်ကာကွယ်မှုလုပ်ရန် တပ်ဖွဲ့ဝင်များအား KNU ဥက္ကဋ္ဌ အသိပေး

စစ်အာဏာရှင်နှင့် အာဏာရှင်များကို ခုခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်ဟု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

▪️ကြီးမားသည့် စိန်ခေါ်မှုများရှိသကဲ့သို့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်းများလည်းရှိဟု ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့အနေဖြင့် ကရင့်အမျိုးသားများ၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးအား ပိုမိုထိရောက်သည့် ခုခံကာကွယ်မှုများကို လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်သည်။

လက်ရှိ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အခြေအနေများသည် မိမိတို့နိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေး၊ စစ်ရေးအခြေနေများနှင့်မတူဘဲ လုံး၀ခြားနားလျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး ယနေ့(ဇူလိုင် ၅ရက်)တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်နေ့သို့ ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိနိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် လုံး၀မတူဘဲ တမူထူးခြားနေကြောင်း၎င်းက ဆိုသည်။

စစ်အုပ်စုမှ ပြည်သူလူထုများကို ရန်သူသဖွယ်သဘောထားပြီး ရပ်ရွာများကို အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရပ်ရွာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘုန်းကြီးကျောင်းများနှင် ခရစ်ယာန် ဘုရားကျောင်းများအား လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ကလေးသူငယ်များ စာသင်ကြားနေချိန်တွင် စာသင်ကျောင်းပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများအပြင် စာသင်ကျောင်းများပေါ်သို့ လက်နက်ကြီးများဖြင့် အဝေးမှ လှမ်း၍ပစ်ခတ်ခြင်းများကို လုပ်ဆောင်လေ့ရှိ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကရင့်လက်နက်ကိုင် ခုခံတော်လှန်ရေးသမားများ အနေဖြင့် မိမိကိုယ် မိမိ ကရင့်အမျိုးသားများအဖြစ် သိရှိနားလည်ကြပြီး ကရင့်အမျိုးသားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုံတော်လှန်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်အာဏာရှင်နှင့် အာဏာရှင်များကို ခုခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်ဟု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ကရင်အမျိုးသားများနှင့်အတူ ကရင့်အမျိုးသားနိုင်ငံရေးရည်ရွယ်ချက်များ ပြီးပြည့်စုံစေရန် နိုင်ငံရေးသတိအစဉ်ရှိရန် လိုအပ်ကြောင်းလည်း သတိပေးသည်။

ထို့ပြင် အခြေအနေပေးအပ်လာသည့် အခွင့်အရေးများကို အရယူပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုအပြင် အုပ်ချုပ်ရေးအပါအဝင် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးစနစ်နှင့် လုပ်ထုံး လုပ်နည်းများကို ထူထောင်ရန်လိုအပ်ကြောင်း၊ လက်ရှိအချိန်ကာလသည် ကြီးမားသည့် စိန်ခေါ်မှုများရှိသကဲ့သို့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်းများလည်းရှိနေကြောင်း KNU ဥက္ကဋ္ဌက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ