Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၁)နယ်မြေ၌ သုံးရက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၀ခန့် သေဆုံးဟု NUG ကာကွယ်ရေးအသိပေး

KNU/KNLA တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

(စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသည့် ဖောက်ခွဲခံရသည့် ကျုံအိတ်တံတားတံတားအား တွေ့ရစဥ်။ ဓာတ်ပုံ - cincds)
(စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသည့် ဖောက်ခွဲခံရသည့် ကျုံအိတ်တံတားတံတားအား တွေ့ရစဥ်။ ဓာတ်ပုံ - cincds)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေများဖြစ်ည့် မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း နှင့် ကျိုက်မရောမြို့နယ်များရှိ စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိများပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် အသိပေးထုတ်ပြန်သည်။

ဇွန်လ ၂၈ရက်ညပိုင်းနှင့် ၂၉ရက် နံနက်တွင် ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း၊ တံတားလာစစ်သည့် စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း တို့ လုပ်ဆောင်ခဲ့၍ အထိနာခဲ့သည့် စစ်ကောင်စီတပ်များကို KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၃၀ရက်နှင့်ဇူလိုင် ၂ရက်တို့တွင် ထပ်မံတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဇူလိုင် ၂ရက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်၌ ရန်သူ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို လမ်းလုံခြုံရေးယူပေးသည့် ခမရ(၂၀၇) တပ်သားများ တင်ဆောင်လာသည့် ယာဥ်နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ဇွန်လ ၃၀ရက်မှ ဇူလိုင် ၁ရက်အထိ ဘီးလင်းမြို့နယ်အတွင်း ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ ရန်သူ့တပ်သား ၃၀ခန့် စခန်းချထားသည့် သံတံတား စစ်ဆေးရေးဂိတ်နှင့် ကျိုက်ထိုဘက်မှ ဘီးလင်းဘက်သို့ ဆင်းလာသည့် ယာဥ်ငါးစီးပါ ရန်သူ့ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၁၂ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဇူလိုင် ၂ရက် နံနက်တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားအနီးတပ်စွဲထားသော ရန်သူ့စစ်ကောင်စီတပ်သားများ စုပြုံရောက်ရှိနေသည်ဆိုသော သတင်းအရ ချောင်းနှစ်ခွ ရဲစခန်းကို Saw Dragon Drone Force နှင့် Lion Battalion Commando ဗျူဟာစစ်ကြောင်းတို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ငါးဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

ထို့နောက် ရန်သူ့စစ်ကောင်စီတပ်က တံတားကို ယာယီပိတ်ခဲ့ပြီး လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အနီးအနား၌ ဆိုင်ကယ်နှင့်သွားနေသည့် အသက် (၂၃)နှစ်အရွယ် အငြိမ်းစား ဗိုလ်မှူး၏ သားဖြစ်သူ ထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဘီးလင်း၊ ကျိုက်ထိုနှင့် ကျိုက်မရောမြို့နယ်များအတွင်းဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်များကို KNLA နယ်မြေခံတပ်မှူးက အတည်ပြုပြောကြားထားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

KNU/KNLA တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။