Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ မုံရွာ – မန္တလေးလမ်း ယာယီပိတ်

မုံရွာမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ခြေရှုပ်နေပြီး ပြည်သူများသတိထားသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေသည်။

(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ။ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၅ရက်) နံနက်ပိုင်းတွင် မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးနေ၍ ယာယီပိတ်ထားကြောင်း၊ ပြည်သူများ၏ လုံခြုံရေးအတွက် သွားလာခြင်းမပြုကြရန်နှင့် မလိုက်နာသူများ၏ လုံခြုံရေးအတွက် အာမခံမည်မဟုတ်ကြောင်း မြင်းမူအခြေစိုက် Ghost Team Ranger-MMU အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ စစ်အုပ်စုခြေရှုပ်နေ၍ တားမြစ်ရခြင်းဖြစ်ကြောင်း Area 71 People’s Defense Force အဖွဲ့က ဆိုသည်။

“ဘီးတပ်ထားတဲ့ အမြှောက်တွေကို ကားနောက်ကနေ ဆွဲသွားတယ်။မုံရွာမြောက်ပိုင်းကနေ တောင်ဘက်(မုံရွာ-မန္တလေးလမ်းဘက်)ဆွဲသွားတာ”ဟု မုံရွာနယ်ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ခြေရှုပ်နေပြီး ပြည်သူများသတိထားသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။