Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီက လူနာတင်ယာဥ်နှင့် မီးသတ်ယာဥ်များ အသုံးပြုသွားလာနေ

စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာနေ၍ မုံရွာ – မန္တလေးလမ်းကြောတလျှောက် ကင်းပုန်းများတောက်လျှောက်ချထားပြီး သွားလာရေးများအခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

(မုံရွာ - မန္တလေးလမ်းပိုင်း၌ မိုင်းထိထားသော စစ်ကောင်စီယာဥ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-LDF)
(မုံရွာ - မန္တလေးလမ်းပိုင်း၌ မိုင်းထိထားသော စစ်ကောင်စီယာဥ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-LDF)

▪️ပြည်သူများအနေဖြင့် အရေးပေါ်လူနာတင်ယာဥ်များဖြင့်သွားလာမည်ဆိုပါက PDFများထံ သတင်းပို့ပြီးမှသွားလာကြရန် သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီက လူနာတင်ယာဥ်များနှင့် မီးသတ်ယာဥ်များအား စစ်ရေးအတွက် အသုံးပြုသွားလာနေ၍ ပြည်သူများအနေဖြင့် အရေးပေါ်လူနာတင်ယာဥ်များဖြင့် သွားလာမည်ဆိုပါက နယ်မြေခံ PDFအဖွဲ့များသို့ သတင်းပို့ပြီးမှသာ သွားလာကြရန် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa၏ တာဝန်ခံ Oxygen က ပြောကြားသည်။

ယမန်နေ့(မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ချောင်းဦးမှ မုံရွာမြို့သို့ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မီးသတ်ယာဥ် ၁၂ စီးပါ ယာဥ်တန်းအား ခင်မွန်နှင့် မြေနဲကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မီးသတ်ယာဥ်အား ထိမှန်ခဲ့ကြောင်း PDF-South Monywa အဖွဲ့က ပြောသည်။

သို့သော် စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်ပစ်သော်လည်း အထိအခိုက်မရှိဟုဆိုသည်။

Public Service Announcement
Public Service Announcement

ညနေ ၄နာရီခွဲခန့်ကလည်း စစ်ကိုင်းမြို့ တပ်မ(၃၃)မှလာသော မီးသတ်ယာဥ်များနှင့် တွဲကား (၉)စီးပါ ယာဥ်တန်းအား ဘိုးမင်းကြီးကင်းနှင့် နတ်ရေကန်ကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အင်အားအများအပြားပါသည့် ရှေ့ဆုံးယာဥ်ထိမှန်ခဲ့ကြောင်း PDF-South Monywa အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီအသုံးပြုသည့်ကား မည်သည့်ကားကို မဆိုတိုက်ခိုက်သွားမှာပါ။ ပြည်သူပါ၊မပါကိုအဓိကထားစုံစမ်းပြီး ပြည်သူမပါရင် ကျွန်တော်တို့အနေနဲ့ တိုက်ခိုက်သွားရမှာပါပဲ။ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးကြဖို့နဲ့ အသုံးပြုသွားလာရမယ်ဆိုရင် သက်ဆိုင်ရာဒေသကာကွယ်ရေးအဖွဲ့တွေကို အသိပေးသွားလာနိုင်ရင်အသိပေးတာအကောင်းဆုံးပါပဲ။”ဟု PDF-South Monywa၏ တာဝန်ခံ Oxygen က ပြောသည်။

စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာနေ၍ မုံရွာ – မန္တလေးလမ်းကြောတလျှောက် ကင်းပုန်းများတောက်လျှောက်ချထားပြီး သွားလာရေးများအခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

ပထမစစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People’s Defence Force – South Monywa သည် မုံရွာခရိုင်အမှတ်(၁၀)တပ်ရင်း Farmers Revolution Force၊ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၃) Forces Our History(FOH)တို့ကလည်းကောင်း၊ ဒုတိယစစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defence Force-South Monywa)က ဦးဆောင်ပြီး Myintmu Local Defence Force၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၂) SGG၊ ၊Myanmar Islamic Commando PDF၊စသည့် မဟာမိတ်(၄)ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မေလ ၂၇ ရက်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFများက မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။