Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီက လူနာတင်ယာဥ်နှင့် မီးသတ်ယာဥ်များ အသုံးပြုသွားလာနေ

စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာနေ၍ မုံရွာ – မန္တလေးလမ်းကြောတလျှောက် ကင်းပုန်းများတောက်လျှောက်ချထားပြီး သွားလာရေးများအခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

(မုံရွာ - မန္တလေးလမ်းပိုင်း၌ မိုင်းထိထားသော စစ်ကောင်စီယာဥ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-LDF)
(မုံရွာ - မန္တလေးလမ်းပိုင်း၌ မိုင်းထိထားသော စစ်ကောင်စီယာဥ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-LDF)

▪️ပြည်သူများအနေဖြင့် အရေးပေါ်လူနာတင်ယာဥ်များဖြင့်သွားလာမည်ဆိုပါက PDFများထံ သတင်းပို့ပြီးမှသွားလာကြရန် သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီက လူနာတင်ယာဥ်များနှင့် မီးသတ်ယာဥ်များအား စစ်ရေးအတွက် အသုံးပြုသွားလာနေ၍ ပြည်သူများအနေဖြင့် အရေးပေါ်လူနာတင်ယာဥ်များဖြင့် သွားလာမည်ဆိုပါက နယ်မြေခံ PDFအဖွဲ့များသို့ သတင်းပို့ပြီးမှသာ သွားလာကြရန် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa၏ တာဝန်ခံ Oxygen က ပြောကြားသည်။

ယမန်နေ့(မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ချောင်းဦးမှ မုံရွာမြို့သို့ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မီးသတ်ယာဥ် ၁၂ စီးပါ ယာဥ်တန်းအား ခင်မွန်နှင့် မြေနဲကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မီးသတ်ယာဥ်အား ထိမှန်ခဲ့ကြောင်း PDF-South Monywa အဖွဲ့က ပြောသည်။

သို့သော် စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်ပစ်သော်လည်း အထိအခိုက်မရှိဟုဆိုသည်။

Public Service Announcement
Public Service Announcement

ညနေ ၄နာရီခွဲခန့်ကလည်း စစ်ကိုင်းမြို့ တပ်မ(၃၃)မှလာသော မီးသတ်ယာဥ်များနှင့် တွဲကား (၉)စီးပါ ယာဥ်တန်းအား ဘိုးမင်းကြီးကင်းနှင့် နတ်ရေကန်ကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အင်အားအများအပြားပါသည့် ရှေ့ဆုံးယာဥ်ထိမှန်ခဲ့ကြောင်း PDF-South Monywa အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီအသုံးပြုသည့်ကား မည်သည့်ကားကို မဆိုတိုက်ခိုက်သွားမှာပါ။ ပြည်သူပါ၊မပါကိုအဓိကထားစုံစမ်းပြီး ပြည်သူမပါရင် ကျွန်တော်တို့အနေနဲ့ တိုက်ခိုက်သွားရမှာပါပဲ။ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးကြဖို့နဲ့ အသုံးပြုသွားလာရမယ်ဆိုရင် သက်ဆိုင်ရာဒေသကာကွယ်ရေးအဖွဲ့တွေကို အသိပေးသွားလာနိုင်ရင်အသိပေးတာအကောင်းဆုံးပါပဲ။”ဟု PDF-South Monywa၏ တာဝန်ခံ Oxygen က ပြောသည်။

စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာနေ၍ မုံရွာ – မန္တလေးလမ်းကြောတလျှောက် ကင်းပုန်းများတောက်လျှောက်ချထားပြီး သွားလာရေးများအခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

ပထမစစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People’s Defence Force – South Monywa သည် မုံရွာခရိုင်အမှတ်(၁၀)တပ်ရင်း Farmers Revolution Force၊ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၃) Forces Our History(FOH)တို့ကလည်းကောင်း၊ ဒုတိယစစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defence Force-South Monywa)က ဦးဆောင်ပြီး Myintmu Local Defence Force၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၂) SGG၊ ၊Myanmar Islamic Commando PDF၊စသည့် မဟာမိတ်(၄)ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မေလ ၂၇ ရက်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်းPDFများက မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။