Connect with us

Hi, what are you looking for?

သတင်း

စစ်​​ကောင်စီက နယ်စပ်ပို့ကုန်လုပ်ငန်းများကိုထပ်မံကန့်သတ်

စစ်​ကောင်စီကမူအဆိုပါကန့်သတ်ချက်များကို ပို့ကုန်ရ​ငွေကြိုတင်​ပေးသွင်းစရာမလိုဘဲ သတ်မှတ်ရာခိုင်ဖြင့်အာမခံ​ကြေး​ ပေးသွင်း​စေခြင်းဖြစ်ပြီး ​ဖြေ​လျှော့​ပေးခြင်းဖြစ်သည်ဟု​ကြေညာထားသည်။ စစ်အုပ်စု အာဏာမသိမ်းခင်က အဆိုပါကန့်သတ်ချက်များမရှိ​ဘဲလွတ်လပ်စွာ ကုန်သွယ်နိုင်ကြခြင်းဖြစ်သည်။

(မြန်မာ-တရုတ်နယ်စပ်အဓိကနယ်စပ်ကုန်သွယ်​ရေးစခန်းဖြစ်​သောမူဆယ်ကုန်သွယ်​ရေးဇုန်တွင် ရပ်ထား​သော တရုတ်သို့ပို့ကုန်များတင်ပို့မည့်ကုန်တင်ကားများ/ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)
(မြန်မာ-တရုတ်နယ်စပ်အဓိကနယ်စပ်ကုန်သွယ်​ရေးစခန်းဖြစ်​သောမူဆယ်ကုန်သွယ်​ရေးဇုန်တွင် ရပ်ထား​သော တရုတ်သို့ပို့ကုန်များတင်ပို့မည့်ကုန်တင်ကားများ/ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)

နယ်စပ်မှ ပိုကုန်တင်ပို့သည့် ပို့ကုန်ကုမ္ပဏီများကို သက်တမ်း ၃နှစ်အောက်ရှိပါက ပို့ကုန်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းနှင့်သက်တမ်း ၃နှစ်အထက်ရှိပါက ၂၀ ရာခိုင်နှုန်းကို အပေါင်တင်ထားရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ပြန်သည်။

ပို့ကုန်ဝင်ငွေများ ပြန်လည်ဝင်ရောက်လာမှသာ အ​ပေါင်တင်ထား​သောငွေ(စစ်​ကောင်စီက အာမခံ​​ကြေးဟုသုံးနှုန်းထား)များကို ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး ပို့ကုန်ဝင်ငွေပြန်လည် မရောက်လာပါက ထိုငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၁ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည်။

အပေါင်ငွေများကို ဘဏ်တခုခုတွင် ပို့ကုန်လိုင်စင်အတွက် အပ်နှံပြီးကြောင်း အထောက်အထားပြမှသာ သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပို့ကုန်လိုင်စင်လျှောက်ထားရမည်ဟုလည်းဆိုသည်။

“အင်မတန်တင်းကျပ်တဲ့ မူဝါဒလိုခေါ်ရမယ်။ နောက်ပြီး ပို့ကုန်လုပ်ငန်းတွေကို အလွယ်တကူလုပ်ခွင့်မရအောင် ထားတဲ့ စည်းကမ်းတွေပါ။ ကုန်သည်တွေကို လည်ပင်းညှစ်တဲ့ လုပ်ရပ်တွေ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကန့်သတ်ချက်များသည် ပဲမျိုးစုံ၊ ပြောင်း ၊ နှမ်းနှင်မြေပဲဆံ ပို့ကုန်များအတွက် အကြုံဝင်သည်ဟု စစ်ကောင်စီက ဆိုထားသည်။

Public Service Announcement
Public Service Announcement

ထိုပြင် စစ်ကောင်စီက ပို့ကုန်ရငွေများကို သတ်မှတ်အချိန်သည့် ရက်ပေါင်း ၃၀အတွင်းပြန်လည်ဝင်ရောက်ရမည်ဟု ကန့်သတ်ထားပြီး ထိုထက်နောက်ကျပါက အရေးယူမှုများဆောင်ရွက်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။

စစ်​ကောင်စီကမူအဆိုပါကန့်သတ်ချက်များကို ပို့ကုန်ရ​ငွေကြိုတင်​ပေးသွင်းစရာမလိုဘဲ သတ်မှတ်ရာခိုင်ဖြင့်အာမခံ​ကြေး​ ပေးသွင်း​စေခြင်းဖြစ်ပြီး ​ဖြေ​လျှော့​ပေးခြင်းဖြစ်သည်ဟု​ကြေညာထားသည်။ စစ်အုပ်စု အာဏာမသိမ်းခင်က အဆိုပါကန့်သတ်ချက်များမရှိ​ဘဲလွတ်လပ်စွာ ကုန်သွယ်နိုင်ကြခြင်းဖြစ်သည်။

အ​မေရီကန် အစိုးရက စစ်​ကောင်စီ၏ MFTB ဘဏ်နှင့် MICB တို့ကို အ​ရေးယူဒဏ်ခတ်လိုက်ပြီး​နောက် စစ်​ကောင်စီသည် နိုင်ငံတွင်း နိုင်ငံခြား​ငွေရရှိ​သော ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ပိုမိုတင်းကြပ်​နေခြင်းဖြစ်သည်။ သွင်းကုန် ကုမ္ပဏီများကိုလည်း သွင်းကုန်လိုင်စင်မ​ရခင်​​ငွေ​ချေခြင်း ၊ ကြိုတင်​ငွေ​ပေးခြင်းများကို ခွင့်မပြု​တော့ဘဲသွင်းကုန်​လိုင်စင် ရပြီးမှသာ​ငွေ​ချေရမည်ဟု ဇူလိုင်လဆန်းမှပင်ကန့်သတ်ထားသည်။စစ်​ကောင်စီ၏ ကန့်သတ်ချက်များ​ကြောင့် လုပ်ငန်းလည်ပတ်ရန် ပိုမိုခက်ခဲလာ​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။

ထိုအပြင် နိုင်ငံခြားဝင်​ငွေရှိ​သောလုပ်ငန်း ၊အဖွဲ့အစည်း၊လုပုဂ္ဂိုလ်တိုင်း၏ ​ငွေ​ရောင်းဝယ်မှုကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် အနီးကပ်​စောင့်ကြည့်ပြီး အ​ရောင်းအဝယ်တစ်ခုချင်းအတွက်ဆုံးဖြတ်ချက်ကိုပင် စစ်​ကောင်စီ၏ ဘဟိုဘဏ်ကချမှတ်​သောပုံစံ နိုင်ငံခြား​ငွေအ​ရောင်းအဝယ်​ဈေးကွက်ကိုကန့်သတ်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။