Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ၏ နယ်စပ်မှ ဆန်စပါးတင်ပို့ခွင့်မူဝါဒသစ် လုပ်ငန်းရှင်များကိုအခက်​တွေ့​စေ

နိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မသိမ်းယူပြီးနောက် နိုင်ငံခြားသုံးငွေလိုအပ်ချက် မြင့်တက်လာသည့် စစ်အုပ်စုအတွက် နိုင်ငံခြားငွေရရှိရေးကို နည်းမျိုးစုံ အသုံးပြု၍ လုပ်ငန်းရှင်များကို ဖိအား​ပေး​နေခြင်းဖြစ်သည်။

(​ဒေါ်လာအမြဲလို​နေ​သောစစ်ကောင်စီက ပြည်ပပို့ကုန်များအ​ပေါ် တစ်ဖက်သတ်မူဝါဒများချမှတ်၍ ​ဒေါ်လာရရန် မူဝါဒအမျိုးမျိုးချမှတ်​နေသည်။ဓါတ်ပုံ-MBT)
(​ဒေါ်လာအမြဲလို​နေ​သောစစ်ကောင်စီက ပြည်ပပို့ကုန်များအ​ပေါ် တစ်ဖက်သတ်မူဝါဒများချမှတ်၍ ​ဒေါ်လာရရန် မူဝါဒအမျိုးမျိုးချမှတ်​နေသည်။ဓါတ်ပုံ-MBT)

နယ်စပ်မှဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပို့မှုအပါ် စစ်​ကောင်စီ၏ မူဝါဒအသစ်သည် ဆန်ပြည်ပတင်ပို့​သောကုန်သည်များကို အခက်​တွေ့​စေပြီးဆန်တင်ပို့မှု​လျော့ကျ​စေလာနိုင်​ကြောင်းဆန်ကုန်သည်များက​ပြောသည်။

ဆန်နှင့်ဆန်ထွက်ပစ္စည်းများကိုနယ်စပ်မှ ပြည်ပတင်ပို့ရာတွင်ရရှိသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို လာမည့် မတ်လ ၁ ရက်မှစ၍ စစ်ကောင်စီသတ်မှတ်သည့် နှုန်းအတိုင်း လဲလှယ်ရမည်ဟု စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ယခင်က နယ်စပ်မှ ပြည်ပကို ဆန်တင်ပို့ရာတွင် ရရှိသည့် ပို့ကုန်ရငွေဖြစ်​သောနိုင်ငံခြားငွေများကို ကျပ်​ငွေလဲလှယ်ရန်မလိုဘဲ အပြည့်အဝ သုံးစွဲခွင့်ရနေရာမှယခုအခါ အထက်ပါအတိုင်း မဖြစ်မ​နေလဲရန် ယဖိအားပးလာခြင်းဖြစ်သည်။

“ဆန်တင်ပို့တဲ့သူတွေ အခက်အခဲဖြစ်လာနိုင်တယ်။ တင်ပို့မှာက တဖြေးဖြေးနဲ့ လျော့ကျသွားမယ်။ ဘယ်သူမှ အရှုံးခံပြီးပို့မှာ မဟုတ်ဘူး။ ဆန်ကို ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ပြီး ပြည်ပတင်ပို့ရင် ဈေးအနှိမ့်ခံပြီးပို့ရတာဖြစ်သွားတယ်”ဟု ဆန်ပြည်ပတင်ပို့နေသည့်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်ပတင်ပို့မှုလျော့ကျမည်ဖြစ်သောကြောင့် တောင်သူများအတွက်လည်းဈေးကောင်း မရနိုင်တော့ကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

ပြင်ပပေါက်ဈေး၌ တစ်ဒေါ်လာကို ၂၈၅၀ကျပ်ရှိနေချိန်တွင် စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်များ၏ ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်သာ အတင်းအဓမ္မဝယ်ယူခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

“မူဝါဒတစ်ခုကို ပါဝင်ပတ်သတ်တွေကို မဆွေးနွေးမတိုင်ပင်ပဲ။ စာထုတ်ပြီး မကြာခဏပြောင်းလဲနေတာ လုပ်ငန်းရှင်တွေအတွက် ထိခိုက်နစ်နာမှုတွေအများကြီးဖြစ်စေတယ်”ဟု ၎င်းက​ပြောသည်။

စစ်ပွဲများအတွက် လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယုရန် ​ဒေါ်လာ အမြဲလို​နေ​သော စစ်ကောင်စီက ဆန်စပါးသာမကလယ်ယာထွက်ကုန်ဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာနှင့် ရေထွက်ကုန်ပစ္စည်းကိုလည်း ပြည်ပတင်ပို့ရာတွင် နိုင်ငံခြားရငွေ ၆၅ ရာခိုင်နှုန်းကိုလည်း စစ်ကောင်စီသတ်မှတ်နှုန်းအတိုင်းမဖြစ်မ​နေရောင်းရမည်ဟုဖိအား​ပေး​နေခြင်းဖြစ်သည်။

စစ်ကောင်စီကမူ ပို့ကုန်တင်ပို့မှုဆောင်ရွက်ရာတွင်ကုန်စည်အလိုက် မျှတမှုရှိစေရန်နှင့်ပြည်ပကို တင်ပို့သည့် အဓိက ပို့ကုန်ပစ္စည်းများအပေါ် တပြေးညီကျင့်သုံးရန် လုပ်ဆောင်ရန်အတွက်ဟု အ​ကြောင်းပြထားသည်။ သို့သော်လည်း ပို့ကုန်လုပ်ငန်းရှင်နှင့်စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီက အစိုးရအမည်ခံပြီး အဓမ္မဓားမြတိုက်ခြင်းသာဖြစ်သည်ဟု​ပြောသည်။

နိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မသိမ်းယူပြီးနောက် နိုင်ငံခြားသုံးငွေလိုအပ်ချက် မြင့်တက်လာသည့် စစ်အုပ်စုအတွက် နိုင်ငံခြားငွေရရှိရေးကို နည်းမျိုးစုံ အသုံးပြု၍ လုပ်ငန်းရှင်များကို ဖိအား​ပေး​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။