Connect with us

Hi, what are you looking for?

သတင်း

ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ်အထိနာပြီး တပ်ပြန်ဆုတ်သွား

ဇူလိုင်လဆန်းမှ ယနေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများပြားခဲ့ပြီး ချင်းပူးပေါင်းတပ်မှ မစိုးရိမ်ရသည့် ဒဏ်ရာရသူ ၆ဦးရှိသည်ဟုဆိုသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)

▪︎တစ်ပတ်ခန့်အတွင်း စစ်ကောင်စီတပ်မှ ၂၀ကျော်သေ၊ ၃၀ ကျော်ဒဏ်ရာရပြီး ချင်းပူး​​ပေါင်းတပ်မှ ၆ ဦးဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ထန်တလန်အကြားတွင်ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားပြီးချင်းပူးပေါင်းတပ်မှ ၆ဦး ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မေလကုန်ပိုင်းမှစ၍ ထန်တလန်ဘက်သို့ ဦးတည်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဟားခါး-ထန်တလန်ကြားတွင် ဇူလိုင် ၃ရက်တွင် တိုက်ပွဲ ပြန်လည်စတင်ကာ ယမန်နေ့ ဇူလိုင် ၈ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုဆိုသည်။

“ဖြစ်စဉ်ကတော့ ဇူလိုင်လအတွင်းအခု သီးမြစ်နဲ့ ဟားခါး ပြီးတော့ထန်တလန်အကြားမှာတိုက်ပွဲက ၃ရက်(ဇူလိုင်)နေ့ကနေမနေ့က၈ရက်နေ့အထိတိုက်ပွဲကဆက်လက်ဖြစ်လာပြန်တာပေါ့။ အဲဒီမှာ မနေ့ကဆိုရင် သူတို့စစ်ကောင်စီရဲ့လက်နက် ၄လက်နက်နဲ့ကျည်ဆန်တွေတချို့ရရှိတယ်။သူတို့စစ်ကောင်စီဘက်က ၆ ယောက် အကျအဆုံးရှိတယ်။အဲဒီမှာလေကြောင်းတိုက်ခိုက်မှုကနှစ်ကြိမ်၊အဲဒါနဲ့လက်နက်ကြီးနဲ့ပစ်တယ်” ဟု ဆလိုင်းထက်နီက ယမန်နေ့တိုက်ပွဲအခြေအနေကို ပြောသည်။

ဇူလိုင်လဆန်းမှ ယနေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများပြားခဲ့ပြီး ချင်းပူးပေါင်းတပ်မှ မစိုးရိမ်ရသည့် ဒဏ်ရာရသူ ၆ဦးရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)

“အခုထိခိုက်ဒဏ်ရာ ဟားခါး ဆေးရုံကို ပြန်ရောက်တဲ့ စစ်ကောင်စီက ၃၅ဦးလောက်ရှိတယ်။လူအသေအပျောက်က ၂၀ ကျော်လောက်ရှိတယ်။ မနေ့က ၆ယောက်အပါဆိုရင် ၂၀ကျော်ရှိတယ်။ ကျနော်တို့ဘက်က၆ ယောက်ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်။ အသေအပျောက်တော့မရှိဘူး” ဟုဆလိုင်းထက်နီက ဆက်ပြောသည်။

စစ်ကောင်စီတပ်များ ရှေ့ဆက်မတိုးနိုင်ဘဲ လာရာလမ်းအတိုင်း နောက်ပြန်ဆုတ်သွားသည်ဟု ၎င်းကရှင်းပြသည်။

“သူတို့က အဓိကကတော့ ထန်တလန်ကို သူတို့က ပြန်လည်ပြီးတော့ စိုးမိုးနိုင်ဖို့ စစ်အင်အား တိုးမြှင့်ဖို့ဆိုပြီး ဟားခါးနဲ့ထန်တလန်ကြား ကားလမ်းလမ်းကြောင်းကို ပြန်စိုးမိုးချင်တာ အခုတိုက်ပွဲဖြစ်တဲ့နေရာက။ ဒါပေမဲ့မြေပြင်ထက် ဝေဟင်ကို အားကိုးလာရတဲ့ အခြေအနေရှိတယ်။မြေပြင်မှာကတော့ သူတို့ အင်အားချိနဲ့မှုတွေရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)

စစ်ကောင်စီတပ်အနေဖြင့် မြန်မာနိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် အနေအထားဖြစ်ကြောင်း ထို့ကြောင့် ယခင်ကဲ့သို့ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နိုင်ခြင်းမျိုးမတွေ့ရကြောင်း ၎င်း ကဆိုသည်။

ချင်းကာကွယ်ရေးတပ်များအနေဖြင့် ယခုဇူလိုင်လဆန်းအတွင်းက ပလက်၀မြို့နယ်ရှိ ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အကျအဆုံးရှိသကဲ့သို့မတူပီ မြို့နယ် လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၄ဦးကျဆုံးမှုရှိခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။