Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​​ထောက်ပို့​လေယာဥ်မှကျဲချ​သောခဲယမ်းအချို့ ဒီးမော့ဆိုPDF သိမ်းဆည်းရရှိ

ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နှင့် မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသ၌ နေ့စဥ်နီးပါးတိုက်ပွဲများဖြစ်ပွားနေသည်။

(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)

စစ်ကောင်စီ၏ထောက်ပို့လေယာဥ်မှကျဲချခဲ့သည့်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်ရေးအရပြင်းထန်နေသည့်ကရင်နီ(ကယား)ပြည်နယ်၌ စစ်ကောင်စီကမြေပြင်၊ဝေဟင်မှတဆင့်အင်အားများဆက်တိုက်တိုး၍ ထိုးစစ်ဆင်​နေပြီး ခဲယမ်းများကိုလည်း​လေ​ကြောင်းမှ ပို့​ဆောင်စဥ်ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်က ယခုရက်သတ္တပတ်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

“ဒီးမော့ဆို အနောက်ခြမ်းမှာလည်းရသလိုအရှေ့ခြမ်းမှာလည်းရတာရှိတယ်။လက်ရှိစစ်ရေးအရအတိအကျမပြောလိုဘူး”ဟု အထက်ပါတာဝန်ရှိသူကရှင်းပြသည်။

(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)

ယနေ့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များထံမှ ထွက်ပေါ်လာသည့် ရုပ်သံဖိုင်မှတ်တမ်းအရ ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးကာ ၄၀ မမ ဗုံးသီး အလုံး ၅၀ ပါသည့်သေတ္တာကိုတွေ့ရှိသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီကကရင်နီပြည်နယ်သို့ ရှမ်း ပြည်နယ်အခြေစိုက်တပ်ရင်းများပို့ဆောင်ထားပြီး အထူးသဖြင့် ဖယ်ခုံ၊ဒီးမော့ဆို၊ရွာသစ်၊ဖားဆောင်း မြို့နယ် သို့ တပ်ရင်း ၆ ရင်းခန့် ရောက်ရှိနေပြီ ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ဒီးမော့တို အနောက်ခြမ်း နန်းမယ်ခုံ ဘက်မှာ တပ်ရင်း တစ်ရင်းစာပို့နေတယ်။ဖား​ဆောင်းမှာဆိုတပ်ရင်းနှစ်ရင်းဝင်နေပြီ၊ရွာသစ်ဘက်ကတော့ အထူးစစ်ဆင်ရေး အနေနဲ့ စကစ ဘက်က ဝင်နေတာရှိတယ်။တိုက်ပွဲလည်း နေ့စဥ်နီးပါးဖြစ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။

(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)

ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နှင့် မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသ၌ နေ့စဥ်နီးပါးတိုက်ပွဲများဖြစ်ပွားနေသည်။

ထို့အတူ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရာတွင် အောင်မြင်မှုများစွာရရှိနေသော ကရင်နီဒေသကို စစ်ကောင်စီက လေကြောင်း အပြင် တပ်မ ၅၅ ၊ တပ်မ ၆၆ ၊ တပ်မ ၄၄၊တပ်မ ၉၉ အစရှိသည့် တပ်မ လေးခု အပြင် ရှမ်းပြည်နယ် အခြေစိုက် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂)၊(စကခ ၁၈) လက် အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေ​ခြင်းဖြစ်သည်။သို့​သော် ကရင်နီပူး​ပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှု ၊တန်ပြန်ထိုးစစ်​ကြောင့် ကရင်နီတွင် စစ်​ကောင်စီတပ်အထိနာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook