ခရမ်းမြို့ ရိုးကြီးကျေးရွာတွင်ယမန်နေ့က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် အပြင်းအထန်ဒဏ်ရရှိခဲ့သူ ရဲတပ်သား ထပ်မံသေဆုံးသွားသည်။

အောက်တိုဘာ ၁ရက် ည ၇နာရီခန့်က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံရဲနှစ်ဦးသေနတ်ဖြင့်ပစ်ခံရသဖြင့် ဒုရဲအုပ်သက်လင်းအောင်မှာ ဖြစ်စဥ်နေရာတွင် သေဆုံးခဲ့သည်။
ရဲတပ်သားစိုင်းအောင်မှာမှု ဝဲရင်ဘတ် ကျည်ဆံဒဏ်ရာကြောင့် မဂ်လာဒုံစစ်ဆေးရုံ၌ အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဆိုင်ကယ်ဖြင့်ပြန်လာရာ သေနတ်ဖြင့်သုံးချက်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

Public Service Announcement


















































