Connect with us

Hi, what are you looking for?

သတင်း

ကလေး- သိုင်းငင်း လမ်းကို ယနေ့မှစ၍ လုံးဝအသုံးမပြုရန် CDF ပန်ကြားချက်ထုတ်ပြန်

ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး – သိုင်းငင်း လမ်း အသုံးပြုနိုင်ရေး ပြန်လည် အကြောင်းကြားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

(က​လေး-သိုင်းငင်လမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)
(က​လေး-သိုင်းငင်လမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)

စစ်ကိုင်း-ချင်းအစပ်ရှိ ကလေး-သိုင်းငင်းလမ်းကို ယနေ့ ဇူလိုင် ၁၄ရက်မှစ၍ လုံး၀ အသုံးမပြုကြရန် တီးတိန်အခြေစိုက် ချင်းကာကွယ်ရေးတပ်(CDF)-CDM စီးယင်းက ထုတ်ပြန်သည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၁ရက်တွင် ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့တွင် ကလေး – သိုင်းငင်းလမ်းအသုံးမပြုရန် ပန်ကြားချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး – သိုင်းငင်း လမ်း အသုံးပြုနိုင်ရေး ပြန်လည် အကြောင်းကြားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ဒေသတွင်းစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီးCDF-CDMစီးယင်းတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးပြန်ကြားချက် မရသေးပေ။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၁ရက် သိုင်းငင်းစခန်း စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ဦးလည်း ကျဆုံးခဲ့သည်။ စစ်ကောင်စီတပ်ထံမှ သေနတ် ၁လက်နှင့် ကျည် ၇၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်းလည်း တိုက်ပွဲတွင်ပါဝင်သည့် ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNDF) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။