Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားဆီ တိုက်လေယာဉ်တွေ ပို့ဆောင်ဖို့ အမေရိကန် စီစဉ်

လောလောဆယ် အဲဒီရေပြင်မှာ အမေရိကန်ရဲ့ A-10 တိုက်လေယာဉ်တွေ ပုံမှန် ကင်းလှည့် ပျံသန်းနေပြီး F-16တွေကတော့ မတူညီတဲ့ စစ်ဆင်ရေး ရှုထောင့်ကနေ A-10တွေကို ပါဝင်ကူညီ ပံ့ပိုးနိုင်လိမ့်မယ်လို့ ပင်တဂွန် အရာရှိတွေက ဆိုပါတယ်။

အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားဆီ တိုက်လေယာဉ်တွေ ပို့ဆောင်ဖို့ အမေရိကန် စီစဉ်
အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားဆီ တိုက်လေယာဉ်တွေ ပို့ဆောင်ဖို့ အမေရိကန် စီစဉ်

အမေရိကန်ရဲ့ ရေနံတင် သင်္ဘောကြီးတွေ အပါအဝင် အရပ်ဖက် ရေယာဉ်တွေကို အီရန်ရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့အတွက် အရှေ့အလယ်ပိုင်း ဒေသဆီ အမေရိကန်က တိုက်လေယာဉ်တွေ ဖြည့်တင်း ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အီရန်ရေတပ်က အမေရိကန် ရေနံတင် သင်္ဘောတွေကို ကြားဖြတ် ဖမ်းဆီးတာမျိုး ကိစ္စတွေကနေ ဟန့်တားဖို့အတွက် အရှေ့အလယ်ပိုင်း မဟာမိတ် နိုင်ငံတွေဆီမှာ အမေရိကန် F-16 တိုက်လေယာဉ်တွေ ပိုမို ဖြန့်ကျက်သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုပါတယ်။

လောလောဆယ် အဲဒီရေပြင်မှာ အမေရိကန်ရဲ့ A-10 တိုက်လေယာဉ်တွေ ပုံမှန် ကင်းလှည့် ပျံသန်းနေပြီး F-16တွေကတော့ မတူညီတဲ့ စစ်ဆင်ရေး ရှုထောင့်ကနေ A-10တွေကို ပါဝင်ကူညီ ပံ့ပိုးနိုင်လိမ့်မယ်လို့ ပင်တဂွန် အရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရေနံတင် သင်္ဘောနှစ်စီးကို အီရန်က ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် စီးနင်းဖို့ ကြိုးစားခဲ့တဲ့နောက် အမေရိကန်က အခုလို တုံ့ပြန်လာတာပါ။ အီရန်ရဲ့ စီးနင်းဖို့ ကြိုးစားတဲ့ အားထုတ်မှုတွေထဲက တစ်ကြိမ်မှာဆိုရင် ရေနံတင် သင်္ဘောတစ်စီးကို ချိန်ရွယ်ပစ်ခတ်တာမျိုးတွေပါ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

F-16တွေကို ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ပျံသန်းစေတာဟာ ဒေသတွင်းကို ဖြတ်သန်းမယ့် အမေရိကန် အရပ်ဖက် ရေယာဉ်တွေကို လေကြောင်းကနေ စောင့်ကြပ် ကာကွယ်ပေးဖို့အပြင် အမေရိကန်ရဲ့ စစ်အင်အား ဖြန့်ကျက်မှုကို ပိုပြီး ထင်သာမြင်သာ ရှိလာစေဖို့လည်း ဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။

ဟောမုဇ် ရေလက်ကြားမှာ စစ်အင်အား ဖြည့်တင်းနေရင်း တပြိုင်တည်းမှာပဲ ဆီးရီးယားတဝိုက် ကောင်းကင်မှာလည်း အမေရိကန် စစ်လေယာဉ်တွေနဲ့ ဒရုန်းတွေကို ရုရှားက ရန်စတဲ့ ကိစ္စတွေ ထူထပ်လာတဲ့အပေါ် ထိထိရောက်ရောက် တုံ့ပြန်ဖို့ စဉ်းစားနေကြောင်း အမေရိကန်က ဆိုပါတယ်။ နောက်ပြီး အမေရိကန် အနေနဲ့ ဆီးရီးယား အနောက်ပိုင်းမှာ အိုင်အက်စ် အကြမ်းဖက်မှု တိုက်ဖျက်ရေး မစ်ရှင်တွေအတွက် ပျံသန်းမှု မစ်ရှင်တွေကို ရပ်နားမှာ မဟုတ်ဘူးလို့လည်း အတည်ပြုခဲ့ပါတယ်။

မတ်လကစလို့ ရုရှားတိုက်လေယာဉ်တွေဟာ ဆီးရီးယားမှာ အမေရိကန် လေတပ်ရဲ့ လှုပ်ရှားမှုတွေကို ကြားဖြတ် နှောင့်ယှက်တာမျိုးတွေကို သိသိသာသာ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။