Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားဆီ တိုက်လေယာဉ်တွေ ပို့ဆောင်ဖို့ အမေရိကန် စီစဉ်

လောလောဆယ် အဲဒီရေပြင်မှာ အမေရိကန်ရဲ့ A-10 တိုက်လေယာဉ်တွေ ပုံမှန် ကင်းလှည့် ပျံသန်းနေပြီး F-16တွေကတော့ မတူညီတဲ့ စစ်ဆင်ရေး ရှုထောင့်ကနေ A-10တွေကို ပါဝင်ကူညီ ပံ့ပိုးနိုင်လိမ့်မယ်လို့ ပင်တဂွန် အရာရှိတွေက ဆိုပါတယ်။

အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားဆီ တိုက်လေယာဉ်တွေ ပို့ဆောင်ဖို့ အမေရိကန် စီစဉ်
အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားဆီ တိုက်လေယာဉ်တွေ ပို့ဆောင်ဖို့ အမေရိကန် စီစဉ်

အမေရိကန်ရဲ့ ရေနံတင် သင်္ဘောကြီးတွေ အပါအဝင် အရပ်ဖက် ရေယာဉ်တွေကို အီရန်ရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့အတွက် အရှေ့အလယ်ပိုင်း ဒေသဆီ အမေရိကန်က တိုက်လေယာဉ်တွေ ဖြည့်တင်း ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အီရန်ရေတပ်က အမေရိကန် ရေနံတင် သင်္ဘောတွေကို ကြားဖြတ် ဖမ်းဆီးတာမျိုး ကိစ္စတွေကနေ ဟန့်တားဖို့အတွက် အရှေ့အလယ်ပိုင်း မဟာမိတ် နိုင်ငံတွေဆီမှာ အမေရိကန် F-16 တိုက်လေယာဉ်တွေ ပိုမို ဖြန့်ကျက်သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုပါတယ်။

လောလောဆယ် အဲဒီရေပြင်မှာ အမေရိကန်ရဲ့ A-10 တိုက်လေယာဉ်တွေ ပုံမှန် ကင်းလှည့် ပျံသန်းနေပြီး F-16တွေကတော့ မတူညီတဲ့ စစ်ဆင်ရေး ရှုထောင့်ကနေ A-10တွေကို ပါဝင်ကူညီ ပံ့ပိုးနိုင်လိမ့်မယ်လို့ ပင်တဂွန် အရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရေနံတင် သင်္ဘောနှစ်စီးကို အီရန်က ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် စီးနင်းဖို့ ကြိုးစားခဲ့တဲ့နောက် အမေရိကန်က အခုလို တုံ့ပြန်လာတာပါ။ အီရန်ရဲ့ စီးနင်းဖို့ ကြိုးစားတဲ့ အားထုတ်မှုတွေထဲက တစ်ကြိမ်မှာဆိုရင် ရေနံတင် သင်္ဘောတစ်စီးကို ချိန်ရွယ်ပစ်ခတ်တာမျိုးတွေပါ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

F-16တွေကို ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ပျံသန်းစေတာဟာ ဒေသတွင်းကို ဖြတ်သန်းမယ့် အမေရိကန် အရပ်ဖက် ရေယာဉ်တွေကို လေကြောင်းကနေ စောင့်ကြပ် ကာကွယ်ပေးဖို့အပြင် အမေရိကန်ရဲ့ စစ်အင်အား ဖြန့်ကျက်မှုကို ပိုပြီး ထင်သာမြင်သာ ရှိလာစေဖို့လည်း ဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။

ဟောမုဇ် ရေလက်ကြားမှာ စစ်အင်အား ဖြည့်တင်းနေရင်း တပြိုင်တည်းမှာပဲ ဆီးရီးယားတဝိုက် ကောင်းကင်မှာလည်း အမေရိကန် စစ်လေယာဉ်တွေနဲ့ ဒရုန်းတွေကို ရုရှားက ရန်စတဲ့ ကိစ္စတွေ ထူထပ်လာတဲ့အပေါ် ထိထိရောက်ရောက် တုံ့ပြန်ဖို့ စဉ်းစားနေကြောင်း အမေရိကန်က ဆိုပါတယ်။ နောက်ပြီး အမေရိကန် အနေနဲ့ ဆီးရီးယား အနောက်ပိုင်းမှာ အိုင်အက်စ် အကြမ်းဖက်မှု တိုက်ဖျက်ရေး မစ်ရှင်တွေအတွက် ပျံသန်းမှု မစ်ရှင်တွေကို ရပ်နားမှာ မဟုတ်ဘူးလို့လည်း အတည်ပြုခဲ့ပါတယ်။

မတ်လကစလို့ ရုရှားတိုက်လေယာဉ်တွေဟာ ဆီးရီးယားမှာ အမေရိကန် လေတပ်ရဲ့ လှုပ်ရှားမှုတွေကို ကြားဖြတ် နှောင့်ယှက်တာမျိုးတွေကို သိသိသာသာ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။