Connect with us

Hi, what are you looking for?

သတင်း

သထုံ-ဘားအံကြားရှိ တံတားဖျက်ဆီးမှု စစ်ကောင်စီလက်ချက်သာဖြစ်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ကော်မတီ ရှင်းလင်း

စစ်ကောင်စီမှ တံတားအကြောင်းပြ စစ်အင်အားတို့ချဲ့မှုများဆောင်ရွက်လာပါက မိမိတို့တပ်ပေါင်းစုမှစစ်ရေးအရတုံ့ပြန်ဆောင်ရွက်မည်ဖြစ်၍ ခရီးသွား ပြည်သူများသတိပြုသွားလာကြရေး လေးနက်စွာဖြင့်မေတ္တာရပ်ခံကြောင်းလည်အသိ​ပေးသည်။

(ရန်ကုန်-ဘားအံ့ကြားရှိ တံတားအမှတ် ၁/၁၃ မိုင်းခွဲဖျက်ဆီးခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရန်ကုန်-ဘားအံ့ကြားရှိ တံတားအမှတ် ၁/၁၃ မိုင်းခွဲဖျက်ဆီးခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရန်ကုန်-သထုံ-ဘားအံ ကားလမ်းမကြီးပေါ်ရှိ တံတား တစ်စီး ဖျက်ဆီးခံရမှုမှာ နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းများက ဆောင်ရွက်ခြင်းမဟုတ်ဘဲစစ်ကောင်စီကတစ်ဖက်လှည့်ဖြင့် ဆောင်ရွက်သည့် လုပ်ရပ်သာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ဘုရင့်ညီနောင်ဂူနှင့်ဝါးပိုးတောလမ်းစုံကြားရှိအမှတ်(၁/၁၃)တံတားသည် ဇူလိုင် ၁၀ရက်တွင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အား နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများမှ ဆောင်ရွက်သယောင်စစ်ကောင်စီမှ ဝါဒဖြန့်ချီမှုများရှိခဲ့သည်ဟုအသိ​ပေးခဲ့သည်။

(ရန်ကုန်-ဘားအံ့ကြားရှိ တံတားအမှတ် ၁/၁၃ မိုင်းခွဲဖျက်ဆီးခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရန်ကုန်-ဘားအံ့ကြားရှိ တံတားအမှတ် ၁/၁၃ မိုင်းခွဲဖျက်ဆီးခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ထိုနယ်မြေသည်မိမိတို့တပ်ပေါင်းစုစစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး ဌင်းဖြစ်ရပ်သည် မိမိတို့နှင့်သက်ဆိုင်မှုမရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။ KNLA တပ်မဟာ(၁)အနေဖြင့် ၎င်းတို့စစ်ရေးလိုအပ်ချက်အရ တံတားများ တိုက်ခိုက်ဖျက်ဆီးပါက ဖျက်ဆီးကြောင်း အသိပေးလေ့ရှိသည်။ ဇွန်လ ၂၈ရက်ညပိုင်းက ဘီးလင်းမြို့နယ်ကျုံအိတ်တံတား မိုင်းခွဲတိုက်ခိုက်မှုကို စစ်ရေးလိုအပ်ချက်အရတိုက်ခိုက်မိုင်းခွဲခဲ့ကြောင်း KNLAက နာရီပိုင်းအတွင်းအသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစု အနေဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများဆောင်ရွက်ရာတွင်အများပြည်သူဆိုင်ရာမူဝါဒများ ချမှတ်ထားရှိပြီး ပြည်သူအများထိခိုက်နစ်နာမှုမရှိစေရေး အထူးဂရုပြုနေသည်ဟု ရှင်းလင်းခဲ့သည်။ ထိုသို့ရှင်းလင်းရာ၌ ဇွန်လအတွင်းက ဆောင်ရွက်ခဲ့သည့်ဒုံသမိတံတား ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့မှုအခြေအနေကိုဥပမာပြု၍ ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒုံသမိတံတား(ဒူးရင်းဆိပ်) စစ်ဆင်ရေမှာ ၎င်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လုံခြုံရေးအကြောင်းပြ၍ ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းအား ၎င်းတို့ကိုယ် ပိုင်စီးပွားရေးသဖွယ်လုပ်ဆောင်ကာ စစ်တိုင်းမှုးအပါအဝင် အဆင့်ဆင့်မှ ထိုငွေကြေးများအား ခွဲဝေသုံးစွဲလျှက်ရှိကြောင်း တိုင်ကြားချက်များအရ ရှင်းလင်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးထိုသို့ ရှင်းလင်းရာ၌ ခရီးသွားပြည်သူများနှင့် ယာဉ်များ အပါအဝင် တံတားအားလည်း မပျက်စီးမထိခိုက်စေရေးအထူးဂရုပြုဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ရန်ကုန်-ဘားအံ့ကြားရှိ တံတားအမှတ် ၁/၁၃ မိုင်းခွဲဖျက်ဆီးခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရန်ကုန်-ဘားအံ့ကြားရှိ တံတားအမှတ် ၁/၁၃ မိုင်းခွဲဖျက်ဆီးခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အဆိုပါ တံတားအား (၁)နာရီကျော်ကြာ ထိန်းသိမ်းထားခဲ့သော်လည်း ဖျက်ဆီးမှုမပြုခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

သထုံ – ဘားအံကြားရှိ တံတားကို ဖျက်ဆီးခြင်းမှာစစ်ကောင်စီတပ်ဖြစ်ကြောင်း၊စစ်ကောင်စီသည်သထုံခရိုင်တပ်မဟာ(၁)နယ်မြေအတွင်း ကျိုက်ထိုမြို့နယ်၊ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ကျေးလက်ဒေသခံများ အဓိကအသုံးပြုနေသည့်လမ်းများနှင့်တံတားများအား ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဒေသခံများအား လမ်းပန်းဆက်သွယ်ရေး၊လူမှုဆက်ဆံရေးနှင့် ကျန်းမာရေးအခက်အခဲများစွာ ကြုံတွေ့စေလျှက်ရှိ ရာ ယခုတဖန် ဘားအံမြို့နယ်အား ၎င်းရည်ရွယ်ချက်ဖြင့်ထပ်မံဆောင်ရွက်လိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူလူထုနှင့် တော်လှန်ရေးသမားများကြား နားလည်မှုလွဲမှားစေလိုခြင်း၊ ရန်တိုက်ခြင်း၊ တံတားအားပြန်လည်ပြင်ဆင်ပြ၍ အမည်ကောင်းရလိုခြင်း၊ လုံခြုံရေးအကြောင်းပြ၍ စစ်အင်အားတိုး ချဲ့လိုခြင်းတို့ကြောင့် စစ်ကော်စီကတစ်ဖက်လှည့်ဖြင့်ဖျက်ဆီးခြင်းသာဖြစ်နိုင်ကြောင်းသုံးသပ်​ဖော်ပြထားသည်။

စစ်ကောင်စီမှ တံတားအကြောင်းပြ စစ်အင်အားတို့ချဲ့မှုများဆောင်ရွက်လာပါက မိမိတို့တပ်ပေါင်းစုမှစစ်ရေးအရတုံ့ပြန်ဆောင်ရွက်မည်ဖြစ်၍ ခရီးသွား ပြည်သူများသတိပြုသွားလာကြရေး လေးနက်စွာဖြင့်မေတ္တာရပ်ခံကြောင်းလည်အသိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။