Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီယာဥ် နှစ်စီးတိုက်ခိုက်ခံရ

ယမန်နေ့(ဇူလိုင် ၁၆ရက်) နံနက် ၈နာရီခန့်က မြင်းခြံမြို့နယ်၊ မီးပေါက်ရွာမှ တောင်ပုံကျေးရွာသို့ ထွက်လာသည့် အင်အား ၂၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း Mgn 35 ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

(မြင်းခြံမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအား ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(မြင်းခြံမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအား ၂၀၂၁ မတ်လ ၃ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪︎မိုင်းထိစစ်အုပ်စုက ပြည်သူနှစ်ဦး သတ်ဖြတ်သွားဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ယာဥ်နှစ်စီးကို သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားများထိခိုက်သေဆုံးနိုင်ပြီး ၎င်းတို့က ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၆ရက်) နံနက် ၈နာရီခန့်က မြင်းခြံမြို့နယ်၊ မီးပေါက်ရွာမှ တောင်ပုံကျေးရွာသို့ ထွက်လာသည့် အင်အား ၂၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း Mgn 35 ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

“ကျွန်တော်တို့ကင်းထုတ်ထားတဲ့ ရဲဘော်တွေနဲ့တွေ့ပြီး ပစ်ခက်တိုက်ပြီး သူတို့က စစ်ကြောင်း နှစ်ကြောင်းခွဲထိုးလာတာနဲ့ ကင်းစောင့်ရဲဘော်တွေ နောက်ပြန်ဆုတ်ပေးပြီး ကျွန်တော်တို့ တပ်ဆုတ်လိုက်တယ်။ တောင်ပုံရွာထဲဝင်ပြီးနောက် သူတို့က ကင်းထွက်လာတယ် ငါးကောင်က။ ထွက်လာတဲ့ ငါးကောင်ကို (၄၀)မမ နှစ်လုံးပစ်ပြီး လက်နက်ငယ်နဲ့ပါပစ်ခတ်ပြီး တိုက်ပွဲငယ်ဖြစ်တယ်။”ဟု Mgn 35 ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ​ဗိုလ်နွေမိုက်က ပြောသည်။

ထို့နောက် နံနက် ၉ နာရီကျော်တွင် မြင်းခြံမြို့မှ အင်အားထပ်ဖြည့်ရန်လာသည့် ယာဥ်နှစ်စီးကို မိုင်း ၁၂လုံးဖြင့် သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးနိုင်ကြောင်း Mgn 35 ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

“မြင်းခြံ​ဘက်က Canter တစ်စီးနဲ့ မီးခိုးရောင်မှန်လုံတစ်စီး တပ်ကူလာချိန် ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားတဲ့ ထိန်ပန်းရွာနဲ့ ရွာသစ်ရွာကြားမှာရှိတဲ့ မိုင်း၁၅လုံးပွိုင့်ထဲဝင်လို့ မိုင်း၁၂ လုံးခွဲ တိုက်ခိုက်ခဲ့တာ Canter ကားပေါ်ပါ ၂၁ကောင်မှာ ၁၇ကောင်သေပြီး လေးကောင်ပဲကျန်တယ်”ဟု ဗိုလ်နွေမိုက်က ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ကောင်စီတပ်သည် အထိနာ၍ မိုင်းထိရာ အနီးဝန်းကျင်ရှိ ကွမ်းခြံလုပ်နေသော ပြည်သူ နှစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားများပါပျက်စီးမှုရှိပြီး ထိခိုက်သေဆုံးသူများအား တောင်ပုံကျေးရွာတွင်းသို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၈ရက်ကလည်း နွားထိုးကြီးမြို့နယ် ပဲကြီးခင်းကျေးရွာအနီးတွင် မြင်းခြံမြို့နယ်မှ စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။