Connect with us

Hi, what are you looking for?

သတင်း

သာစည်မြို့ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦး အသတ်ခံရ

သာစည်မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများ၊ ပျူစောထီးများ၊ စစ်တပ်ထောက်ခံသူများအနေဖြင့် ပြည်သူ့ဘက်အမြန်ရပ်တည်ရန် သာစည်မြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစုက သတိပေးထားသည်။

(ပစ်ခတ်ခံရသော စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၏ ယခင်ကရိုက်ကူးထားသောပုံအား တွေ့ရစဥ်။ ဓာတ်ပုံ-TZ PDF)
(ပစ်ခတ်ခံရသော စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၏ ယခင်ကရိုက်ကူးထားသောပုံအား တွေ့ရစဥ်။ ဓာတ်ပုံ-TZ PDF)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ရှိ စစ်မှူထမ်းဟောင်းဖြစ်သူ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား ရှင်းလင်းခဲ့ကြောင်း THAZI People’s Defence Force TZ PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၆ ရက်) ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က သာစည်မြို့နယ် အမှတ်(၃)ရက်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ စစ်မှုထမ်းဟောင်း ဦးဇော်ဝင်းအား သာစည်မြို့တွင်း၌ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့သည်။

၎င်းသည် လောင်းကစားနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများထံမှ ဆက်ကြေးကောက်ပြီး မပေးပါက စစ်တပ်ခေါ်ဖမ်းခိုင်းခြင်း၊ ပြည်သူများအား မကြာခဏ ဖမ်းဆီးငွေတောင်းခံခြင်းများ ပြုလုပ်နေ၍ ​တိုင်ကြားလာသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သာစည် TZ PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သစ္စာမိုး လက်ဖက်ရည်ဆိုင်မှာပါ။ ပစ္စတိုနဲ့ 9mm ကျည် ၅တောင့် ခေါင်းထဲချည့် ပစ်သွင်းခဲ့တာပါ။ နေရာတင် ပွဲချင်းပြီးပါ။”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက တစ်မြို့လုံး အစစ်အဆေးပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

“ညနေက အမှတ် ၇ ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း သေနတ်နဲ့ အနီးကပ်ကို ပစ်သွားတာ။”ဟု သာစည်မြို့ခံတစ်ဦးက ပြောသည်။

သာစည်မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများ၊ ပျူစောထီးများ၊ စစ်တပ်ထောက်ခံသူများအနေဖြင့် ပြည်သူ့ဘက်အမြန်ရပ်တည်ရန် သာစည်မြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစုက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။