Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေရ

တိုက်ပွဲတွေဟာ KNU တပ်မဟာ (၃) တပ်ရင်း ( ၇ ) လက်အောက်ခံ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်တာ ဖြစ်ပြီး အနီးအနား ကျေးရွာတွေက လူထုဟာ မနေရဲတော့ဘဲ ဘေးလွတ်ရာကိုတိမ်းရှောင်ကြရတာလို့ KNU က ဆိုပါတယ်။

ညောင်လေးပင်ခရိုင်ထဲက ပြည်သူအချို့ကိုတွေ့ရစဉ် (ပုံဟောင်း)
ညောင်လေးပင်ခရိုင်ထဲက ပြည်သူအချို့ကိုတွေ့ရစဉ် (ပုံဟောင်း)

ပဲခူးတိုင်း အရှေ့ခြမ်း ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၉ ရွာက ဒေသခံ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုဘက်က အသိပေးဖော်ပြပါတယ်။

တိုက်ပွဲတွေဟာ KNU တပ်မဟာ (၃) တပ်ရင်း ( ၇ ) လက်အောက်ခံ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်တာ ဖြစ်ပြီး အနီးအနား ကျေးရွာတွေက လူထုဟာ မနေရဲတော့ဘဲ ဘေးလွတ်ရာကိုတိမ်းရှောင်ကြရတာလို့ KNU က ဆိုပါတယ်။

ဒီလိုထွက်ပြေးနေရတဲ့ ရွာတွေဟာ ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊ စပ်စု၊ သက်ကယ်ကုန်း၊ အင်္ဂနီ၊ကျောက်တန်း နဲ့ စံဖဲ ကျေးရွာတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရွာတွေအပြင် အခြားသော ကျေးရွာ ၇ ရွာ က ဒေသခံ ၃,၀၀၀ ကျော်ဟာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရတယ်လို့. KNU ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ၃ နယ်မြေ ထဲကို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းအမှတ်. ခမရ ၂၀၊ ခြေလျင်တပ်ရင်းအမှတ် ခလရ ၂၆၄ တို့ စစ်ကြောင်းထိုးနေတာလို့လည်းသိရပါတယ်။

ဓာတ်ပုံ − KNU

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။