Connect with us

Hi, what are you looking for?

သတင်း

ကမ္မတွင် PDF များအလင်းဝင်ရန် ဆိုင်းဘုတ်မီးရှို့ပြီး စစ်တပ်အား သတိပေးထားသည့်ဆိုင်းဘုတ်ပြန်စိုက်ထူ

ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းကလည်း ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာ သွားရောက်တိုက်ခိုက်ရာ ဘန်ကာအတွင်းရှိ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း People`s Defense Force – Kammaက ထုတ်ပြန်ထားသည်။

(စိုက်ထူခဲ့သော ဆိုင်းဘုတ်နှစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF Kamma)
(စိုက်ထူခဲ့သော ဆိုင်းဘုတ်နှစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF Kamma)

▪️စစ်အုပ်စုက ဗီနိုင်းလုပ်ကိုင်သူနှစ်ဦးကို ဖမ်းဆီးထားဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့တွင် စစ်ကောင်စီတပ်ထောင်ထားသော PDF များအလင်းဝင်ရန် ဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီအား ပြန်လည်သတိပေးထားသည့်ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း PDF Kamma အဖွဲ့က ပြောသည်။

ဇူလိုင် ၁၄ ရက် ည၈ နာရီခွဲခန့်က ပခုက္ကူမြို့နယ် ကမ္မမြို့တစ်နေရာတွင် စစ်ကောင်စီ စိုက်ထူထားသည့် ဆိုင်းဘုတ်အား PDFရဲဘော်များက မီးရှို့ဖျက်ဆီးကာ ဆိုင်းဘုတ်အသစ် စိုက်ထူခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဆိုင်းဘုတ်တွင် လက်နက်ကိုင် PDFများ ဥပဒေဘောင်အတွင်း ပြန်ဝင်ရန်ဖိတ်ခေါ်ကြောင်း ရေးသားထားခြင်းဖြစ်ပြီး အဆိုပါ ဆိုင်းဘုတ်အား PDF Kammaအဖွဲ့သားများက မီးရှို့ဖျက်ဆီးခဲ့သည်။

(စိုက်ထူခဲ့သော ဆိုင်းဘုတ်နှစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF Kamma)
(စိုက်ထူခဲ့သော ဆိုင်းဘုတ်နှစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-PDF Kamma)

ထို့နောက် စစ်အာဏာရှင်လက်အောက် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း၊ ရဲနှင့်စစ်သားများ ပြည်သူနှင့်ပူးပေါင်းရန် ‌ဖိတ်ခေါ်ထားသည့် စာသားပါ ဆိုင်းဘုတ်အား စိုက်ထူခဲ့သည်။

“သူတို့ပြောထားတာ သဘောမကျဘူး။ လုံးဝဆန့်ကျင်တယ်။ သူတို့လုပ်တာနဲ့ ပြောတာနဲ့မညီတော့ သူတို့ကိုပြန်သတိပေးခဲ့တာ။”ဟု PDF Kammaအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ဆိုင်းဘုတ်ဖြစ်စဥ်နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ကမ္မမြို့ပေါ်ရှိ ငွေရွှေဗီနိုင်းဆိုင်မှ အမျိုးသမီးနှစ်ဦးကို မတရားဖမ်းဆီးသွားကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် သတင်းလွှင့်ထားသည်။

ဆိုင်းဘုတ်ဗီနိုင်းရိုက်နှိပ်ပေးမှုကြောင့် ဖမ်းဆီးသည်ဟုဆိုပြီး ထိုဖြစ်စဥ်အား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းကလည်း ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာ သွားရောက်တိုက်ခိုက်ရာ ဘန်ကာအတွင်းရှိ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း People`s Defense Force – Kammaက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။