Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းမှ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို၄ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များဟု ကြာအင်းဆိပ်ကြီး ပကဖ အသိပေး

စစ်ကောင်စီ၏ ခမရ(၄၃၂)နှင့်ခမရ(၅၅၈) တပ်ရင်းတို့မှ ပူးပေါင်းအင်အား၁၁၅ယောက်ပါ စစ်ကြောင်းကို KNLA တပ်မဟာ(၆) ပူးပေါင်းတပ် များက ဇူလိုင် ၁၁ရက်မှ ၁၄ရက်နေ့အထိ လေးရက်ဆက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)

▪︎ ရဲစခန်းနှင့် စစ်​ကောင်စီရုံးများကို တိုက်ခိုက်ရာရဲအချို့သေဆုံးထိခိုက်ဟုဆို

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင်ရှေ့တန်းကင်းစခန်းမှပြန်လာ သောအကြမ်းဘက်စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့သည်ဟု ကြာအင်းဆိပ်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ(၄၃၂)နှင့်ခမရ(၅၅၈) တပ်ရင်းတို့မှ ပူးပေါင်းအင်အား၁၁၅ယောက်ပါ စစ်ကြောင်းကို KNLA တပ်မဟာ(၆) ပူးပေါင်းတပ် များက ဇူလိုင် ၁၁ရက်မှ ၁၄ရက်နေ့အထိ လေးရက်ဆက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် ၊ နှမ်းဖတ်ချောင်း၊ယာသောထ၊ဝင်းလုံရွာတို့တွင် ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၅၀ဦးခန့်သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြာအင်းဆိပ်ကြီး ပကဖက ထုတ်ပြန်ထားသည်။သို့​သော် စစ်ကောင်စီတပ် သေဆုံးထိခိုက် အခြေအနေကို People’s Spring ကသီးခြားအတည်ပြုချက်မရပေ။

(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)

“ကျနော်တို့မိုးရေထဲမှာ၂ရက်လောက်အချိန်ယူပြီးစောင့်နေတယ်။စကစဘက်ကလမ်းကျွမ်းကျင်တဲ့ တစ်ယောက်ပါလာတော့သူတို့ဖောက်ထွက်တယ်။၄ရက်လောက်အကြာမှာ၃ နေရာမှာအပိုင်တိုက်လိုက်ရတယ်။ စကစဘက်ကခန့်မှန်း(၅၀)လောက်သေတယ်။ သူတို့ပိတ်မိနေတဲ့အချိန်မှာလေယာဉ် ၂စီးနဲ့လာပစ်ပေမဲ့ ပြန်မဆုတ်ဘဲတိုက်တယ်။

Public Service Announcement

Public Service Announcement

ကျွန်​တော်တို့ ဘက်ကနင်းမိုင်းကြောင့်၂ယောက် ဒါဏ်ရာရတယ်”ဟုKNLAမှအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကိုလည်း ကြာအင်းဆိပ်ကြီးပကဖက ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည် အင်အား ၆၀ခန့်သာကြာအင်းဆိပ်ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနယ်မြေခံသတင်းရင်းမြစ်ကို ကိုးကားပြီး ထုတ်ပြန်သည်။

(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီရုံးများတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-Federal Wings)

လတ်တလော စစ်ရေးအခြေအနေနှင့် တိုက်ပွဲသတင်းမေးမြန်းရန် ကြာအင်းဆိပ်ကြီး ပကဖ ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဇူလိုင် ၁၆ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီ ၏ ရဲစခန်း၊ ထွေအုပ်ရုံးနှင့်မြေစာရင်းရုံးတို့ကို ရုန်းဖြင့် ဗုံးသီး ၆လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြို့နယ် ပကဖက ယနေ့ ထုတ်ပြန်ထားသည်။

CLOUD WINGS &FEDRAL WINGSတပ်တို့က ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့မရဲစခန်းမှဒုတပ်ကြပ်ဇော်နိုင်ထွန်းဆိုသူမှာပွဲချင်းပြီးသေဆုံးကာ ရဲ ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ထို့ပြင် မြေစာရင်ရုံးအဆောက်အဦးခေါင်မိုးများပျက်စီးသွားကြောင်း ထုတ်ပြန်ထားသည်။

KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များသည် ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီပစ်မှတ်နေရာများအား တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။