Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်စွဲရာ နေရာ လေးခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)

▪️အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲရာနေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဇွန်လကုန်ပိုင်းမှစ၍ နေ့စဉ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ခလရ(၂၈၃)၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းအား ဇွန်လ ၂၉ရက်မှစ၍ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MOD/NUG)

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သားများ အခြေပြုတပ်စွဲရာနေရာများကို (၈၁)မမ ဗုံးသီးများ၊ (၆၀)မမ ဗုံးသီးများနှင့် လက်နက်ကြီးများအသုံးပြုပြီး နေ့စဉ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်၏ အခြေပြုနေရာများ ကြေမွပျက်စီးသွားသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MOD/NUG)

ကနဦးသတင်းအရ ရန်သူ့အမြှောက်တပ် အမတ(၃၁၈)မှ ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် သည်။

ရန်သူ့တပ်မှ လက်နက်ကြီး (၁၂၀)မမ၊ (၈၁) မမ၊ (၆၀) မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိမိတို့ မဟာမိတ်တပ်သားများ ထိခိုက်မှုမရှိကြောင်း အသိပေးသည်။

အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်များနှင့် လက်ရှိစစ်ရေးအခြေအနေကို မေးမြန်းရန် ကာကွယ်ရေးဝန်ကြီးဌာနက အထူးစစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။