Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်စွဲရာ နေရာ လေးခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)

▪️အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲရာနေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဇွန်လကုန်ပိုင်းမှစ၍ နေ့စဉ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ခလရ(၂၈၃)၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းအား ဇွန်လ ၂၉ရက်မှစ၍ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MOD/NUG)

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သားများ အခြေပြုတပ်စွဲရာနေရာများကို (၈၁)မမ ဗုံးသီးများ၊ (၆၀)မမ ဗုံးသီးများနှင့် လက်နက်ကြီးများအသုံးပြုပြီး နေ့စဉ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်၏ အခြေပြုနေရာများ ကြေမွပျက်စီးသွားသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MOD/NUG)

ကနဦးသတင်းအရ ရန်သူ့အမြှောက်တပ် အမတ(၃၁၈)မှ ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် သည်။

ရန်သူ့တပ်မှ လက်နက်ကြီး (၁၂၀)မမ၊ (၈၁) မမ၊ (၆၀) မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိမိတို့ မဟာမိတ်တပ်သားများ ထိခိုက်မှုမရှိကြောင်း အသိပေးသည်။

အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်များနှင့် လက်ရှိစစ်ရေးအခြေအနေကို မေးမြန်းရန် ကာကွယ်ရေးဝန်ကြီးဌာနက အထူးစစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။