Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရ

ယခင်စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနားအများစုကို တက်ခွင့်ပြုခဲ့ပါသေးတယ်။

အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရ
အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရ

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းအနားကို တက်ခွင့်မရတာ ၃ နှစ် ရှိလာပါပြီ။

ဒီနှစ်အာဇာနည်နေ့အခမ်းအနားဟာ တကျော့ပြန် အာဏာသိမ်းစစ်တပ်လက်အောက်မှာ ကျင်းပတဲ့ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန် မှာ ဒီနေ့ ကျင်းပတဲ့ (၇၆ )နှစ်မြောက် အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမိသားစုဝင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကတက်ခွင့်မပေးပေမယ့် သားကြီး ဦးအောင်ဆန်းဦးကိုတော့ခွင့်ပြုတာတွေ့ရပါတယ်။

ယခင်စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနားအများစုကို တက်ခွင့်ပြုခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အဲဒီအချိန်က လူထုဟာ အာဇာနည်နေ့ အခမ်းအနားကိုတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရဖို့ စစ်တပ်ရဲ့ သတင်းကို စောင့်ကြည့်ခဲ့ရပါတယ်။

အခုအာဏာသိမ်း စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်းတစ်ဒါဇင်ကျော်နဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော် ချပြီး အကျဉ်းချထားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။