Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ကြီးများနိုဝင်ဘာ ၁၄ မတိုင်ခင်နှုတ်ထွက်ကြရန် မတ္တရာPDF သတိပေး

မတ္တရာ ကာကွယ်တပ်ဖွဲ့အင်အားစုMDFသည် မတ္တရာမြို့နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့က စစ်ကောင်စီသတင်းပေးနေအိမ်အချို့အား ပူးပေါင်းအဖွဲ့နှင့်အတူ သတင်းပေးလုပ်ရပ်များအားရပ်တန်းကရပ်ရန်ပထမအကြိမ်လက်လုပ်များဖြင့် ဗုံးခွဲသတိပေးခဲ့သည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အာဏာလုစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများအား လာမည့် နိုဝင်ဘာလ ၁၄ရက်နေ့ နောက်ဆုံးထားနူတ်ထွက်ရန် မတ္တရာ PDFက ကျည်ဆံများပြကာ သတိပေးခဲ့သည်။

မတ္တရာမြို့ နှင့်မြို့နယ်ကျေးရွာအုပ်စုအတွင်းအကြမ်းဖက် စစ်ကောင်စီ မှခန့်ထားသောအကြမ်းဖက် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားထောက်တိုင်ဖြစ်သော ကျေးရွာ/ရပ်ကွပ် အုပ်ချုပ်ရေးမှုးများ နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထားနူတ်ထွက်ပေးရန်နှင့် သက်မှတ်ရက်ကျော်လွန်ပါက ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အား (MDF)မှအာမခံမည်မဟုတ်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးကြောင်း မတ္တရာ ကာကွယ်တပ်ဖွဲ့အင်အားစုMDFမှ အသိပေးသည်။

မတ္တရာ ကာကွယ်တပ်ဖွဲ့အင်အားစုMDFသည် မတ္တရာမြို့နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့က စစ်ကောင်စီသတင်းပေးနေအိမ်အချို့အား ပူးပေါင်းအဖွဲ့နှင့်အတူ သတင်းပေးလုပ်ရပ်များအားရပ်တန်းကရပ်ရန်ပထမအကြိမ်လက်လုပ်များဖြင့် ဗုံးခွဲသတိပေးခဲ့သည်။

စက်တင်ဘာလ (၁၅)ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရှမ်းတောကျေးရွာအနီးနှင့် ငါးလုံးပြွန်ကျေးရွာအနီးတို့ရှိ မိုင်တဲတာဝါတိုင်များအား မီးရှို့ဖောက်ခွဲ ဖျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးတပ်ဖွဲ့အင်အားစု MDF သည် မကြာမှီအချိန်တွင်း လှုပ်ရှားမှုများကို တရစပ်ပြုလုပ်တော့မည်ဖြစ်ပါသဖြင့် မိဘပြည်သူများလိမ္မာပါးနပ်စွာ ပါ၀င်ကူညီကြရန် MDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။