Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာအနီး လဂျားယန်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာဟု ကချင်သတင်းရင်းမြစ်ပြော

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး သီးခြားအတည်ပြုချက် ဖြေကြားချက်မရသေးပေ။

(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KIA တပ်သားများ။ ဓာတ်ပုံ - CJ)
(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KIA တပ်သားများ။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ လဂျားယန်ဒေသ၌ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှုများခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂၀ရက် ညနေပိုင်းတွင် ဗန်းမော်မှ နမ့်ဆန်ယာန်ဘက်သို့ စစ်ကူလာသည့် ခလရ(၇၈)တပ်ရင်း စစ်ကြောင်းကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“လိုင်ဇာနားရှိ လဂျားယန် ချောင်းတံတားကူးနေစဉ် KIA မှလက်နက်ကြီးများဖြင့် စောင့်ကြိုပစ်ခတ်သဖြင့် စကစအကြမ်းဖက်စစ်တပ် ထိခိုက်မှုများသွားတယ်”ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး သီးခြားအတည်ပြုချက် ဖြေကြားချက်မရသေးပေ။

Public Service Announcement

Public Service Announcement

နမ့်ဆန်ယာန်ဒေသတွင် ဇူလိုင်လဆန်းမှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်အား KIAက တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။